1 ခရစ်တော်ယေရှု၏အမှုတော်ကိုထမ်းရွက် သည့်အတွက်ကြောင့် အကျဉ်းခံနေရသူငါ ပေါလုနှင့်ငါတို့၏ညီတိမောသေထံမှ ငါ တို့ချစ်သောလုပ်ဖော်ဆောင်ဘက်ဖိလေမုန်ထံ သို့လည်းကောင်း၊-
2 ငါတို့နှမအပ္ပိ၊ ငါတို့၏ရဲဘော်စစ်သည်တော် အာခိပ္ပုနှင့် သင်၏အိမ်တွင်စုဝေးသည့်အသင်း တော်ဝင်တို့ထံသို့လည်းကောင်းစာရေးလိုက် ပါသည်။
3 ငါတို့အဖဘုရားသခင်နှင့်သခင်ယေရှု ခရစ်၏ထံတော်မှ ကျေးဇူးတော်နှင့်ငြိမ်သက် ခြင်းကို သင်တို့အားလုံးခံစားရကြပါစေ သော။
4-5 ငါ့ညီဖိလေမုန်၊ ဘုရားသခင်၏လူစုတော်ဝင် အပေါင်းတို့အားသင်ချစ်ခင်ပုံ၊ သခင်ယေရှုကို သင်ယုံကြည်ပုံကိုကြားသိရသဖြင့် ငါသည် ဆုတောင်းပတ္ထနာပြုသည့်အခါတိုင်း သင့်ကို အကြောင်းပြု၍ဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်း၏။-
6 ယုံကြည်သူများဖြစ်ကြသောသင်နှင့်ငါတို့ သည် အချင်းချင်းမိတ်သဟာယဖွဲ့ခြင်းအား ဖြင့် ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက် ငါတို့ခံစားရသည့်ကောင်းချီးမင်္ဂလာအပေါင်း ကိုပိုမိုနက်နဲစွာသိရှိနားလည်နိုင်ကြရန် ငါဆုတောင်း၏။-