ရော​မ 11:33-36 BCL

33 ဘု​ရား​သ​ခင်​၏​ကြွယ်​ဝ​သော​ဉာဏ်​ပ​ညာ တော်​နှင့်​အ​သိ​ပ​ညာ​တော်​သည် လွန်​စွာ​နက်​နဲ လှ​ပါ​တ​ကား။ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ချက် များ​ကို​အ​ဘယ်​သူ​ရှင်း​ပြ​နိုင်​သ​နည်း။ နည်း လမ်း​တော်​များ​ကို​အ​ဘယ်​သူ​နား​လည် နိုင်​သ​နည်း။-

34 ကျမ်း​စာ​တော်​က၊``အ​ဘယ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ရှင် အ​ဘယ်​သို့ စဉ်း​စား​ဆင်​ခြင်​တော်​မူ​သည်​ကို​သိ​သ​နည်း။အ​ဘယ်​သူ​သည်​ကိုယ်​တော်​အား​အ​ကြံ​ဉာဏ် ပေး​နိုင်​သ​နည်း။

35 ကိုယ်​တော်​က​ကျေး​ဇူး​ဆပ်​တော်​မူ​ရ​အောင်အ​ဘယ်​သူ​သည်​ကိုယ်​တော်​အား​ကျေး​ဇူး​ပြု​ဖူး သ​နည်း''ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်​ဖြစ်​သည်။-

36 ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့ သည်​ကိုယ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ကိုယ် တော်​၏​အ​တွက်​လည်း​ကောင်း​တည်​လျက် ရှိ​ကြ​၏။ ကိုယ်​တော်​သည်​ထာ​ဝ​စဉ်​ဘုန်း အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။