လုကာ 21:28-34-35 BCL

28 ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော​အ​ခါ သင်​တို့​အား​ကယ်​တင်​တော်​မူ​မည့်​အ​ချိန်​သည် နီး​ကပ်​လျက်​ရှိ​သည်​ဖြစ်​၍ သင်​တို့​၏​ဦး​ခေါင်း ကို​ကြွ​၍​မျှော်​ကြည့်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

29 ထို​နောက်​ကိုယ်​တော်​သည် သူ​တို့​အား​ပုံ​ဥ​ပ​မာ ဆောင်​၍ ``သင်္ဘော​သ​ဖန်း​ပင်​နှင့် အ​ခြား​သစ်​ပင် တို့​ကို​ကြည့်​ကြ​လော့။-

30 ထို​အ​ပင်​များ​ရွက်​နု​ပေါက်​သော​အ​ခါ သင်​တို့ သည်​ကြည့်​၍​နွေ​ရာ​သီ​နီး​ကြောင်း​သိ​ကြ​၏။-

31 ထို​နည်း​တူ​စွာ​ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ​များ ဖြစ်​ပျက်​လျက်​ရှိ​သည်​ကို​တွေ့​မြင်​ရ​သော​အ​ခါ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည်​ချိန်​နီး​ပြီ​ဟု သိ​မှတ်​ကြ​လော့။

32 ``ငါ​အ​မှန်​ဆို​သည်​ကား​ဤ​အ​မှု​အ​ရာ​အ​လုံး​စုံ တို့​မ​ဖြစ်​မ​ပျက်​မီ ယ​ခု​အ​သက်​ရှင်​နေ​သူ​တို့ သေ​လွန်​ရ​လိမ့်​မည်​မ​ဟုတ်။-

33 ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​တည်​သော်​လည်း ငါ​၏​စ​ကား​တည်​လိမ့်​မည်။

34-35 ``သင်​တို့​သည်​ပျော်​ရွှင်​သောက်​စား​မူး​ယစ်​ခြင်း၊ လော​ကီ​မှု​ရေး​အ​တွက် စိုး​ရိမ်​ပူ​ပန်​ခြင်း​တို့​ဖြင့် အ​ချိန်​မ​ကုန်​စေ​ရန်​သ​တိ​နှင့်​နေ​ကြ​လော့။ ယင်း သို့​သ​တိ​နှင့်​မ​နေ​ပါ​မူ တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​သည်​ထောင်​ချောက်​ကျ​သ​ကဲ့​သို့ သင်​တို့ အ​ပေါ်​သို့​ရုတ်​တ​ရက်​ကျ​ရောက်​လိမ့်​မည်။ ထို နေ့​ရက်​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​သား​အ​ပေါင်း တို့​အ​ပေါ်​သို့​ကျ​ရောက်​လာ​လိမ့်​မည်။-