ကမ္ဘာ​ဦး 37:1-6 BCL

1 ယာ​ကုပ်​သည်​သူ​၏​ဖ​ခင်​နေ​ထိုင်​ရာ ခါ​နာန် ပြည်​တွင် ဆက်​လက်​နေ​ထိုင်​လေ​၏။-

2 ယာ​ကုပ်​မိ​သား​စု​၏​အတ္ထု​ပ္ပတ္တိ​ကို​ဖော်​ပြ​ပေ​အံ့။ယော​သပ်​သည်​အ​သက်​တစ်​ဆယ့်​ခု​နစ်​နှစ်​သို့ ရောက်​သော် ဖ​ခင်​၏​မ​ယား​ငယ်​များ​ဖြစ်​သော ဗိ​လ​ဟာ​နှင့်​ဇိ​လ​ပ​တို့​၏​သား​များ​နှင့် အ​တူ​သိုး​ဆိတ်​များ​ကို​ထိန်း​ကျောင်း​ရ​၏။ သူ သည်​အစ်​ကို​တို့​အ​ကြောင်း​ကို​ဖ​ခင်​အား တိုင်​ကြား​တတ်​၏။

3 ယာ​ကုပ်​သည်​အ​သက်​အ​ရွယ်​ကြီး​မှ​ယော​သပ် ကို​ရ​ခြင်း​ကြောင့်​အ​ခြား​သား​များ​ထက်​သူ့ အား​ပို​၍​ချစ်​၏။ သူ​သည်​ယော​သပ်​အ​တွက် ထူး​ခြား​စွာ​တန်​ဆာ​ဆင်​ထား​သော​ဝတ်​ရုံ ကို​ချုပ်​ပေး​၏။-

4 ဖ​ခင်​က​ယော​သပ်​အား​သူ​တို့​ထက်​ပို​၍​ချစ် သ​ဖြင့်​သူ​၏​အစ်​ကို​တို့​သည် သူ့​အား​ကြင်​နာ သည့်​စ​ကား​တစ်​ခွန်း​ကို​မျှ​မ​ပြော​နိုင်​လောက် အောင်​ရွံ​မုန်း​ကြ​လေ​သည်။

5 တစ်​ခါ​က​ယော​သပ်​သည် အိပ်​မက်​မြင်​မက်​သ ဖြင့်​အစ်​ကို​တို့​အား​ထို​အိပ်​မက်​အ​ကြောင်း ကို​ပြော​ပြ​သော​အ​ခါ သူ​တို့​သည်​ပို​၍​ပင် ရွံ​မုန်း​ကြ​၏။-

6 ယော​သပ်​က​သူ​တို့​အား``ကျွန်​တော်​မြင်​မက် သော​အိပ်​မက်​ကို​နား​ထောင်​ကြ​ပါ။-