ဆာ​လံ 38:12-18 BCL

12 ကျွန်​တော်​မျိုး​အား​သတ်​ဖြတ်​လို​သူ​တို့​သည် ကျော့​ကွင်း​များ​ကို​ထောင်​ကြ​ပါ​၏။ကျွန်​တော်​မျိုး​အား​ဥ​ပဒ်​ပြု​လို​သူ​တို့​သည် ခြိမ်း​ခြောက်​ပြော​ဆို​ကြ​ပါ​၏။သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​လုပ်​ကြံ​ရန် အ​စဉ်​မ​ပြတ်​ကြံ​စည်​လျက်​နေ​ကြ​ပါ​၏။

13 ကျွန်​တော်​မျိုး​သည်​နား​ပင်း​သူ​ကဲ့​သို့​မ​ကြား နိုင်​ပါ။ ဆွံ့​အ​သူ​ကဲ့​သို့​စ​ကား​မ​ပြော​နိုင်​ပါ။

14 ကျွန်​တော်​မျိုး​သည်​နား​မ​ကြား​သ​ဖြင့် စ​ကား​ပြန်​မ​ပြော​နိုင်​သူ​ကဲ့​သို့​ဖြစ်​ပါ​၏။

15 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏။သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​၏​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏လျှောက်​ထား​ချက်​ကို​နား​ညောင်း​တော်​မူ​မည်​ဖြစ်​ပါ​၏။

16 ကျွန်​တော်​မျိုး​၏​ဒုက္ခ​ကို​အ​ကြောင်း​ပြု​ကာရန်​သူ​တို့​သည်​နှစ်​ထောင်း​အား​ရ​ခွင့်​ကို ပေး​တော်​မ​မူ​ပါ​နှင့်။သူ​တို့​အား​ကျွန်​တော်​မျိုး​ပြို​လဲ​မှု​ကို​အ​ကြောင်း ပြု​ကာ ကြွား​ဝါ​ခွင့်​ပေး​တော်​မ​မူ​ပါ​နှင့်။

17 ကျွန်​တော်​မျိုး​သည်​ပြို​လဲ​လု​ပါ​ပြီ။ဝေ​ဒ​နာ​ကို​အ​စဉ်​ခံ​စား​လျက်​နေ​ရ​ပါ​၏။

18 ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အ​ပြစ်​များ​ကို ဖော်​ပြ​ဝန်​ခံ​ပါ​၏။ယင်း​အ​ပြစ်​များ​ကြောင့်​စိုး​ရိမ်​ပူ​ပန်​ပါ​၏။