ဆာ​လံ 38:14-20 BCL

14 ကျွန်​တော်​မျိုး​သည်​နား​မ​ကြား​သ​ဖြင့် စ​ကား​ပြန်​မ​ပြော​နိုင်​သူ​ကဲ့​သို့​ဖြစ်​ပါ​၏။

15 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏။သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​၏​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏လျှောက်​ထား​ချက်​ကို​နား​ညောင်း​တော်​မူ​မည်​ဖြစ်​ပါ​၏။

16 ကျွန်​တော်​မျိုး​၏​ဒုက္ခ​ကို​အ​ကြောင်း​ပြု​ကာရန်​သူ​တို့​သည်​နှစ်​ထောင်း​အား​ရ​ခွင့်​ကို ပေး​တော်​မ​မူ​ပါ​နှင့်။သူ​တို့​အား​ကျွန်​တော်​မျိုး​ပြို​လဲ​မှု​ကို​အ​ကြောင်း ပြု​ကာ ကြွား​ဝါ​ခွင့်​ပေး​တော်​မ​မူ​ပါ​နှင့်။

17 ကျွန်​တော်​မျိုး​သည်​ပြို​လဲ​လု​ပါ​ပြီ။ဝေ​ဒ​နာ​ကို​အ​စဉ်​ခံ​စား​လျက်​နေ​ရ​ပါ​၏။

18 ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အ​ပြစ်​များ​ကို ဖော်​ပြ​ဝန်​ခံ​ပါ​၏။ယင်း​အ​ပြစ်​များ​ကြောင့်​စိုး​ရိမ်​ပူ​ပန်​ပါ​၏။

19 ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့​သည်​ကျန်း​မာ သန်​စွမ်း​ကြ​ပါ​၏။အ​ကြောင်း​မဲ့​ကျွန်​တော်​မျိုး​အား​မုန်း​သူ​တို့​သည် များ​ပြား​ကြ​ပါ​၏။

20 ကျွန်​တော်​မျိုး​သည်​မှန်​ရာ​ကို​ပြု​ကျင့်​ရန် ကြိုး​စား​သဖြင့်အ​ကောင်း​ကို​အ​ဆိုး​အား​ဖြင့်​ပြန်​လည် ပေး​ဆပ်​တတ်​သူ​တို့​သည်ကျွန်​တော်​မျိုး​ကို​ဆန့်​ကျင်​ဘက်​ပြု​ကြ​ပါ​၏။