9 သူတို့သည်ကောင်းကင်ဘုံ၌ရှိတော်မူသော ဘုရား သခင်အားစော်ကားသည့်စကားကိုပြောဆိုလျက်၊ကမ္ဘာပေါ်ရှိလူတို့အားမောက်မာစွာအမိန့်ပေး ကြ၏။
10 ထိုကြောင့်ဘုရားသခင်၏လူစုတော်ပင်လျှင်သူတို့ဘက်သို့ပါလျက်သူတို့ပြောသမျှသော စကားကိုယုံကြလေသည်။
11 သူတို့က``ဘုရားသခင်သည်သိတော်မူလိမ့်မည် မဟုတ်။အမြင့်မြတ်ဆုံးအရှင်သည်တွေ့မြင်တော်မူ လိမ့်မည် မဟုတ်'' ဟုဆိုတတ်ကြ၏။
12 ဤကားသူယုတ်မာတို့ပြုကြပုံပင်ဖြစ်ပေသည်။သို့သော်သူတို့သည်ကောင်းစား၍အစဉ်ပင် စည်းစိမ်ချမ်းသာတိုးလျက်နေကြ၏။
13 သို့ဖြစ်၍ငါသည်မိမိစိတ်နှလုံးကိုဖြူစင်သန့်ရှင်းစေလျက်အပြစ်မပြုဘဲနေ သည်မှာ အချည်းနှီးပေလော။
14 အို ဘုရားသခင်၊ကိုယ်တော်သည်ကျွန်တော်မျိုးအားတစ်နေ့လုံး ဒုက္ခရောက်စေတော်မူပါပြီ။ကိုယ်တော်သည်ကျွန်တော်မျိုးအားနံနက်တိုင်း ဒဏ်ခတ်တော်မူပါပြီ။
15 ကျွန်တော်မျိုးသည်ဤနည်းအတိုင်းပြောဆို ခဲ့လျှင်ကိုယ်တော်၏လူစုတော်ကိုကိုယ်စားပြု၍ ပြောဆိုသည်မဟုတ်ပါ။