ဇာ​ခ​ရိ 7:6-12 BCL

6 စား​ပွဲ​သောက်​ပွဲ​ကျင်း​ပ​ကြ​သည်​မှာ​လည်း မိ​မိ​တို့​အာ​သာ​ချင်​ရဲ​ပြေ​စေ​ရန်​သာ​လျှင် ဖြစ်​ပေ​သည်'' ဟု​မိန့်​တော်​မူ​၏။

7 ဤ​ကား​ယေ​ရု​ရှ​လင်​မြို့​ကောင်း​စား​စည်​ပင် လျက်​နေ​ချိန်​၌ ရှေး​ပ​ရော​ဖက်​များ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ် တော်​ဖြစ်​၏။ ထို​အ​ခါ​မြို့​ပတ်​ဝန်း​ကျင်​ကျေး ရွာ​များ​တွင်​သာ​လျှင်​လူ​အ​မြောက်​အ​မြား နေ​ထိုင်​ကြ​သည်​မ​ဟုတ်။ တောင်​ဘက်​ဒေ​သ နှင့်​အ​နောက်​ဘက်​ရှိ​တောင်​ခြေ​ဒေ​သ​များ တွင်​လည်း​နေ​ထိုင်​ကြ​လေ​သည်။

8 ထာ​ဝ​ရ​ဘု​ရား​သည်​ဇာ​ခ​ရိ​အား ဤ​သို့ ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-

9 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ရှေး အ​ခါ​၌​ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား`သင် တို့​သည်​တ​ရား​မျှ​တ​စွာ​ပြု​ကျင့်​ကြ​လျက်၊ တစ်​ဦး​အ​ပေါ်​တစ်​ဦး​သ​နား​က​ရု​ဏာ ထား​ရ​ကြ​မည်။-

10 မု​ဆိုး​မ​များ၊ မိ​ဘ​မဲ့​များ၊ တစ်​ကျွန်း​တစ် နိုင်​ငံ​သား​များ​သို့​မ​ဟုတ်​ဆင်း​ရဲ​နွမ်း​ပါး သူ​များ​အား​မ​ညှင်း​ဆဲ​မ​နှိပ်​စက်​ကြ​နှင့်၊ တစ်​ဦး​ကို​တစ်​ဦး​ဘေး​ဒုက္ခ​ရောက်​အောင် မ​ကြံ​စည်​ကြ​နှင့်'' ဟု​မိန့်​မှာ​ခဲ့​၏။

11 ``သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​သည်​ဂ​ရု မ​စိုက်​ဘဲ​ခေါင်း​မာ​လျက် ငါ့​စ​ကား​ကို​နား မ​ထောင်​ကြ။ သူ​တို့​သည်​နား​ကို​ပိတ်​ထား ကြ​၏။-

12 စိတ်​နှ​လုံး​ကို​ကျောက်​ကဲ့​သို့​မာ​ကျော​စေ ကြ​၏။ သူ​တို့​သည်​ရှေး​ပ​ရော​ဖက်​များ​အား ဖြင့်​ငါ​ပေး​အပ်​ခဲ့​သည့်​သွန်​သင်​ချက်​များ ကို​နား​မ​ထောင်​သ​ဖြင့် အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း​စွာ​အ​မျက် ထွက်​ခဲ့​သည်။-