24 သင်တို့နှင့်သင်တို့၏သားသမီးများသည် ဤပညတ်ချက်များကိုအစဉ်လိုက်နာ ကျင့်သုံးရကြမည်။-
25 ထာဝရဘုရားကတိထားတော်မူသော ပြည်သို့ သင်တို့ဝင်ရောက်ကြသောအခါ ဤဝတ်ကိုပြုရမည်။-
26 သင်တို့၏သားသမီးများက`ဤသို့ဝတ်ပြု ခြင်းမှာမည်သို့ဆိုလိုပါသနည်း' ဟုမေး လျှင်၊-
27 သင်တို့က`ထာဝရဘုရားသည်အီဂျစ် ပြည်သားတို့အားသုတ်သင်ဖျက်ဆီးသော အခါ အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့၏အိမ်များကိုကျော်၍ ငါတို့အား အသက်ချမ်းသာစေခဲ့သဖြင့် ထာဝရ ဘုရားအားပသခါယဇ်ကိုပူဇော်ခြင်း ဖြစ်သည်' ဟုဖြေကြားရမည်'' ဟုညွှန် ကြားလေ၏။ထိုအခါဣသရေလအမျိုးသားတို့သည် ဦးညွှတ်၍ထာဝရဘုရားအားရှိခိုး ကြ၏။-
28 ထိုနောက်မောရှေနှင့်အာရုန်တို့ညွှန်ကြား သည့်အတိုင်း သူတို့သည်လိုက်နာဆောင်ရွက် ကြ၏။
29 သန်းခေါင်အချိန်တွင်ထာဝရဘုရားသည် အီဂျစ်ဘုရင်၏နန်းလျာသားဦးမှစ၍ ထောင်တွင်းရှိ အကျဉ်းသမားသားဦးတိုင် အောင်အီဂျစ်ပြည်ရှိသားဦးမှန်သမျှကို လည်းကောင်း၊ တိရစ္ဆာန်တို့၏သားဦးဟူသမျှ ကိုလည်းကောင်းသေဒဏ်စီရင်တော်မူ၏။-
30 ထိုညတွင်အီဂျစ်ဘုရင်နှင့်မှူးမတ်ပြည်သူ အပေါင်းတို့သည် ထ၍အော်ဟစ်ငိုကြွေးမြည် တမ်းကြလေ၏။ အဘယ်ကြောင့်ဆိုသော်အီဂျစ် တစ်နိုင်ငံလုံးတွင် သားမသေသောအိမ်တစ် အိမ်မျှမရှိသောကြောင့်ဖြစ်သတည်း။-