ထွက်​မြောက် 36:1-5 BCL

1 ``ဗေ​ဇ​လေ​လ​နှင့် အ​ဟော​လျ​ဘ​တို့​သည် လည်း​ကောင်း၊ တဲ​တော်​ကို​ဆောက်​ရန်​ထာ​ဝရ ဘု​ရား​ထံ​တော်​မှ လို​အပ်​သော​ကျွမ်း​ကျင် မှု​နှင့်​နား​လည်​မှု​ကို​ရ​ရှိ​ထား​သူ အ​ခြား အ​တတ်​ပ​ညာ​ရှင်​အ​ပေါင်း​တို့​သည်​လည်း ကောင်း ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​ဆောင်​ရွက်​ရ​ကြ​မည်'' ဟု​ဆင့်​ဆို လေ​၏။

2 မော​ရှေ​သည်​ဗေ​ဇ​လေ​လ​နှင့် အ​ဟော​လျ​ဘ တို့​ကို​လည်း​ကောင်း၊ တဲ​တော်​ဆောက်​ရန်​ထာ​ဝ​ရ ဘု​ရား​ထံ​မှ​လို​အပ်​သော​အ​တတ်​ပ​ညာ​ကို ရ​ရှိ​ထား​သူ​များ​နှင့် ကူ​ညီ​ရန်​စေ​တ​နာ ထက်​သန်​သူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဆင့်​ခေါ်​၍​လုပ်​ငန်း​ကို​စ​တင်​ဆောင်​ရွက် စေ​၏။-

3 သူ​တို့​သည်​တဲ​တော်​ကို​ဆောက်​လုပ်​ရန်၊ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ယူ​ဆောင်​ခဲ့​သော​လှူ ဖွယ်​ပစ္စည်း​ရှိ​သ​မျှ​ကို၊ မော​ရှေ​ထံ​မှ​လက်​ခံ ရ​ရှိ​ကြ​၏။ နံ​နက်​တိုင်း​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်၊ မိ​မိ​တို့​၏​လှူ​ဖွယ်​ပစ္စည်း​များ ကို၊ မော​ရှေ​ထံ​သို့​ဆက်​လက်​၍​ယူ​ဆောင် လာ​ကြ​သေး​၏။-

4 ထို​အ​ခါ​တဲ​တော်​ကို​ဆောက်​လုပ်​နေ​ကြ​သော အ​တတ်​ပ​ညာ​ရှင်​တို့​သည်​မော​ရှေ​ထံ​သို့ လာ​၍၊-

5 ``လူ​တို့​ယူ​လာ​ကြ​သော​ပစ္စည်း​များ​သည် ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း​တော်​မူ​သော​လုပ်​ငန်း အ​တွက်​လို​အပ်​သည်​ထက်​ပို​နေ​ပါ​သည်'' ဟု ပြော​ကြ​၏။