10 ``ငါသည်အိပ်ပျော်လျက်နေစဉ်ကမ္ဘာမြေ ပြင်၏အထက်ဗဟို၌ရှိသောသစ်ပင် မြင့်ကြီးတစ်ပင်ကိုအိပ်မက်မြင်မက်၏။-
11 ထိုသစ်ပင်သည်ကမ္ဘာမြေပေါ်တွင်ရှိသမျှ သောလူအပေါင်းတို့မြင်ရကြသည်တိုင် အောင် မိုးကောင်းကင်အထိမြင့်မားလာ လေသည်။-
12 ထိုသစ်ပင်၏အကိုင်းအခက်တို့သည်လှပ ဝေဆာလျက် အသီးလည်းပေါများသဖြင့် တစ်ကမ္ဘာလုံးစားသုံးနိုင်၏။ တောတိရစ္ဆာန် တို့သည်ထိုအပင်၏အရိပ်တွင်နားနေကြ၏။ ငှက်တို့သည်အကိုင်းအခက်များတွင်အသိုက် လုပ်ကြ၏။ သက်ရှိသတ္တဝါအပေါင်းတို့သည် ထိုအပင်၏အသီးကိုစားကြ၏။
13 ``ငါသည်ထိုဗျာဒိတ်ရူပါရုံတွင်တွေ့မြင် ရပုံကိုစဉ်းစားဆင်ခြင်လျက်နေစဉ် နိုး ကြားစောင့်ကြည့်သူကောင်းကင်တမန်တစ် ပါးဆင်းသက်လာသည်ကိုမြင်ရ၏။-
14 ကောင်းကင်တမန်က`ဤသစ်ပင်ကိုခုတ်ချ ၍အကိုင်းတို့ကိုဖြတ်တောက်ပစ်လော့။ အရွက် တို့ကိုချွေ၍အသီးတို့ကိုကြဲဖြန့်ပစ်လော့။ တိရစ္ဆာန်တို့ကိုထိုသစ်ပင်ရိပ်မှလည်းကောင်း၊ ငှက်တို့ကိုအကိုင်းအခက်များမှလည်း ကောင်းမောင်းထုတ်လော့။-
15 သို့ရာတွင်မြေတွင်ရှိသည့်သစ်ငုပ်ကိုမူ သံကြိုး၊ ကြေးဝါကြိုးတို့ဖြင့်ချည်နှောင် ၍ကွင်းထဲ၌မြက်တောတွင်ထားခဲ့လော့။` ``ထိုသူအားဆီးနှင်းထဲတွင်တိရစ္ဆာန်များ၊ အပင်ငယ်များနှင့်အတူနေစေလော့။-
16 သူသည်လူစိတ်ပျောက်လျက်ခုနစ်နှစ်တိုင် တိုင် တိရစ္ဆာန်စိတ်ပေါက်၍နေလိမ့်မည်။-