ဒံ​ယေ​လ 4:4-10 BCL

4 ``ငါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည်​နန်း​တော်​တွင် ချမ်း​မြေ့​စွာ စံ​မြန်း​လျက်​နေ​တော်​မူ​စဉ်​အိပ် ပျော်​ချိန်​၌၊-

5 ကြောက်​မက်​ဖွယ်​ကောင်း​သော​အိပ်​မက်​ကို မြင်​မက်​၍ ထိတ်​လန့်​ဖွယ်​ရာ​ရူ​ပါ​ရုံ​များ ကို​မြင်​ရ​၏။-

6 ငါ​သည်​အိပ်​မက်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မိ​မိ အား​ဖွင့်​ပြ​ရန် အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​အ​ပေါင်း တို့​ကို​ဆင့်​ခေါ်​ခဲ့​၏။-

7 ထို​အ​ခါ​ရှိ​ရှိ​သ​မျှ​သော​ဗေ​ဒင်​ဆ​ရာ၊ မျက် လှည့်​ဆ​ရာ၊ မှော်​ဆ​ရာ​နှင့်​နက္ခတ်​ဆ​ရာ​များ သည်​ရှေ့​တော်​သို့​ရောက်​ရှိ​လာ​ကြ​၏။ ငါ​သည် သူ​တို့​အား​ငါ​၏​အိပ်​မက်​ကို​ပြော​ပြ​သော် လည်း သူ​တို့​သည်​ထို​အိပ်​မက်​၏​အ​နက်​ကို မ​ဖော်​ပြ​နိုင်​ကြ​ပါ။-

8 ထို​နောက်(ငါ​ကိုး​ကွယ်​သော​ဘု​ရား​၏​နာ​မည် ဖြစ်​သည့်​ဗေ​လ​တ​ရှာ​ဇာ​ဟု​လည်း​နာ​မည် တွင်​သော) ဒံ​ယေ​လ​သည်​ငါ​၏​ရှေ့​တော်​သို့ ရောက်​ရှိ​လာ​လေ​သည်။ သန့်​ရှင်း​မြင့်​မြတ်​သည့် ဘု​ရား​တို့​၏​ဝိ​ညာဉ်​သည်​သူ​၏​အ​တွင်း​၌ ကိန်း​အောင်း​သ​ဖြင့် ငါ​သည်​သူ့​အား​ငါ​အ ဘယ်​သို့​အိပ်​မက်​မြင်​မက်​သည်​ကို​ပြော ပြ​၏။-

9 ငါ​က​သူ့​အား``ဗေ​ဒင်​ဆ​ရာ​တို့​၏​အကြီး အ​မှူး​ဖြစ်​သော​ဗေ​လ​တ​ရှာ​ဇာ၊ သင့်​အ​တွင်း ၌​သန့်​ရှင်း​မြင့်​မြတ်​သည့်​ဘု​ရား​တို့​၏​ဝိ​ညာဉ် ကိန်း​အောင်း​ကြောင်း​ကို​လည်း​ကောင်း၊ လျှို့​ဝှက် ခက်​ခဲ​သည့်​အ​ရာ​ခပ်​သိမ်း​ကို​သင်​နား​လည် ကြောင်း​ကို​လည်း​ကောင်း​ငါ​သိ​၏။ အိပ်​မက် တွင်​ငါ​တွေ့​မြင်​ရ​သည့်​ရူ​ပါ​ရုံ​အ​ကြောင်း ကို​နား​ထောင်​၍​အ​နက်​ကို​ငါ့​အား​ပြော ကြား​ပါ​လော့။

10 ``ငါ​သည်​အိပ်​ပျော်​လျက်​နေ​စဉ်​ကမ္ဘာ​မြေ ပြင်​၏​အ​ထက်​ဗ​ဟို​၌​ရှိ​သော​သစ်​ပင် မြင့်​ကြီး​တစ်​ပင်​ကို​အိပ်​မက်​မြင်​မက်​၏။-