15 ထိုနောက်မှူးမတ်အရာရှိတို့သည်အထံတော် သို့ပြန်လည်ရောက်ရှိလာကြကာ``မေဒိ နှင့်ပါရှလူမျိုးတို့၏ဥပဒေများအရ ဘုရင့်အမိန့်တော်မည်သည်မှာပြန်လည် ပြင်ဆင်ပြောင်းလဲ၍မရနိုင်ကြောင်းအရှင် မင်းကြီးသိတော်မူပါ၏'' ဟုလျှောက် ထားကြ၏။
16 ထို့ကြောင့်မင်းကြီး၏အမိန့်အရဒံယေလ အားခြင်္သေ့လှောင်ရာတွင်းထဲသို့ပစ်ချလိုက် ကြ၏။ မင်းကြီးကဒံယေလအား``သင်သစ္စာ ရှိစွာကိုးကွယ်သောဘုရားသည်သင့်ကို ကယ်ဆယ်တော်မူပါစေသော'' ဟုမိန့်တော် မူ၏။-
17 ကျောက်ပြားဖြင့်တွင်းဝကိုပိတ်စေပြီး နောက်မင်းကြီးသည် အဘယ်သူမျှဒံယေလ အားမကယ်နိုင်စေရန် မိမိ၏တံဆိပ်တော် နှင့်မှူးမတ်တို့၏တံဆိပ်များကို ကျောက် ပြားပေါ်တွင်ခတ်နှိပ်၍ထားစေတော်မူ၏။-
18 မင်းကြီးသည်နန်းတော်သို့ပြန်တော်မူ၍ တစ်ညဥ့်လုံးစားတော်မခေါ်။ အဘယ်သို့ သောဖြေဖျော်မှုကိုမျှခံယူတော်မမူ။ စက်တော်ခေါ်၍မပျော်နိုင်။
19 မိုးသောက်ချိန်၌မင်းကြီးသည်ထ၍ ခြင်္သေ့တွင်းသို့အလျင်အမြန်ကြွ တော်မူ၏။-
20 ခြင်္သေ့တွင်းသို့ရောက်သောအခါစိုးရိမ်ပူ ပန်သောအသံနှင့်``အသက်ရှင်တော်မူသော ဘုရား၏အစေခံ၊ ဒံယေလ၊ သင်သစ္စာရှိ စွာကိုးကွယ်သောဘုရားသခင်သည်သင့် အားခြင်္သေ့များ၏ဘေးမှကယ်တော်မူ နိုင်ပါ၏လော'' ဟုမေးတော်မူ၏။
21 ဒံယေလက``အရှင်မင်းကြီးသက်တော်ရာ ကျော်ရှည်တော်မူပါစေသော။-