နေ​ဟ​မိ 5:1-7 BCL

1 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ယု​ဒ အ​မျိုး​သား​နှင့်​အ​မျိုး​သ​မီး​အ​မြောက် အ​မြား​တို့​သည် အ​ချင်း​ချင်း​အား​အ​ပြစ် တင်​၍​ညဉ်း​ညူ​ကြ​ကုန်​၏။-

2 အ​ချို့​သော​သူ​တို့​က``ငါ​တို့​၏​အိမ်​သား​များ သ​ဖြင့်​ငါ​တို့​အ​သက်​ရှင်​မှု​အ​တွက်​ဂျုံ​စ​ပါး လို​ပါ​သည်'' ဟု​ဆို​ကြ​၏။

3 အ​ချို့​တို့​က``ငါ​တို့​သည်​မ​ငတ်​မ​ပြတ်​ရ​လေ အောင်​ဂျုံ​စ​ပါး​ရ​ရှိ​ရေး​အ​တွက်​လယ်​များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​နှင့်​အိမ်​များ​ကို​ပေါင်​နှံ ထား​ရ​ကြ​ပါ​သည်'' ဟု​ဆို​ကြ​၏။

4 အ​ခြား​သူ​တို့​က``ငါ​တို့​သည်​လယ်​ခွန်​နှင့် စ​ပျစ်​ဥ​ယျာဉ်​ခွန်​ပေး​ဆောင်​နိုင်​ရန်​ငွေ​ကို ချေး​ယူ​ထား​ကြ​ရ​ပါ​သည်။-

5 ငါ​တို့​သည်​လည်း​ယု​ဒ​အ​မျိုး​သား​များ ပင်​မ​ဟုတ်​ပါ​လော။ ငါ​တို့​သား​သ​မီး​များ သည်​လည်း​သူ​တို့​သား​သ​မီး​များ​ထက်​မ​ညံ့ ပါ။ သို့​ရာ​တွင်​ငါ​တို့​သည်​ငါ​တို့​သား​သ​မီး များ​ကို​ကျွန်​ခံ​စေ​ကြ​ရ​ပါ​၏။ သ​မီး​အ​ချို့ ကို​လည်း​ကျွန်​အ​ဖြစ်​ရောင်း​ချ​လိုက်​ရ​လေ ပြီ။ ငါ​တို့​အ​ဘယ်​သို့​မျှ​မ​တတ်​နိုင်။ ငါ တို့​လယ်​များ​နှင့်​စ​ပျစ်​ဥ​ယျာဉ်​များ​သည် သူ​တစ်​ပါး​လက်​သို့​ရောက်​လေ​ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။

6 ထို​သူ​တို့​ညည်း​ညူ​သံ​ကို​ကြား​သော်​ငါ သည်​အ​မျက်​ထွက်​၍၊-

7 အ​ရေး​ယူ​ဆောင်​ရွက်​ရန်​စိတ်​ပိုင်း​ဖြတ်​လိုက်​၏။ ငါ​သည်​ပြည်​သူ​ခေါင်း​ဆောင်​များ​နှင့်​အုပ်​ချုပ် ရေး​မှူး​တို့​အား``သင်​တို့​သည်​မိ​မိ​တို့​ညီ အစ်​ကို​များ​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​လျက်​နေ​ကြ ပါ​သည်​တ​ကား'' ဟု​ပြစ်​တင်​ပြော​ဆို​၏။ငါ​သည်​ဤ​ပြ​ဿ​နာ​ကို ဖြေ​ရှင်း​ရန်​လူ​ထု စည်း​ဝေး​တစ်​ရပ်​ကို​ခေါ်​ယူ​ပြီး​လျှင်၊-