16 ရှုရိပြည်သားတို့သည်သင်ထုတ်လုပ်သည့် ကုန်ပစ္စည်းအမျိုးမျိုးကိုဝယ်ယူကာ ယင်း တို့၏တန်ဖိုးကိုမြ၊ ကျောက်နီ၊ မရမ်းစေ့ ရောင်အထည်အလိပ်၊ ပန်းထိုးထည်၊ ပိတ်ချော၊ သန္တာနှင့်ပတ္တမြားတို့ဖြင့်ပေးချေကြ၏။-
17 ယုဒပြည်နှင့်ဣသရေလပြည်တို့ကသင်၏ ကုန်စည်များကိုမင်းနစ်မြို့မှဂျုံစပါး၊ ပျား ရည်၊ သံလွင်ဆီ၊ အမွှေးအကြိုင်အမျိုးမျိုး ပေး၍ဝယ်ယူကြ၏။-
18-19 ဒမာသက်မြို့ကသင့်ကုန်စည်များနှင့်သင် ထုတ်လုပ်သည့်ပစ္စည်းအသုံးအဆောင်များ ကိုဝယ်ယူကာ ဥဇလမြို့အနီးရှိဝေဒန် မြို့နှင့်ယာဝန်မြို့တို့ကလည်း ပစ္စည်းအသုံး အဆောင်များအတွက်ဟေလဗုန်စပျစ်ရည်၊ စဟာရသိုးမွေးတို့ဖြင့်ပေးချေကြ၏။ သူ တို့သည်သံကြွတ်၊ အမွှေးအကြိုင်အမျိုး မျိုးနှင့်လည်း သင်၏ကုန်စည်များကိုလဲ လှယ်ကြ၏။-
20 ဒေဒန်မြို့သားတို့သည်သင်၏ကုန်စည် များကိုမြင်းကုန်းနှီးအခင်းများနှင့် လဲလှယ်ကြ၏။-
21 အာရပ်သားများနှင့်ကေဒါဘုရင်တို့ သည်သင်၏ကုန်စည်များကိုသိုးငယ်၊ သိုး ကြီးနှင့်ဆိတ်များကိုပေး၍ဝယ်ယူကြ၏။-
22 ရှေဘနှင့်ရာဂမမြို့များမှကုန်သည်တို့ သည်သင်၏ကုန်စည်များကိုအကောင်းဆုံး အမွှေးအကြိုင်များ၊ ကျောက်မျက်ရတနာ များနှင့်ရွှေတို့ဖြင့်ဝယ်ယူကြ၏။-
23 ခါရန်မြို့၊ ကန္နေမြို့၊ ဧဒင်မြို့တို့သည်လည်း ကောင်း၊ ရှေဘမြို့၊ အာရှုရိမြို့နှင့်ခိလမဒ် မြို့များမှကုန်သည်တို့သည်လည်းကောင်း သင်နှင့်ကုန်သွယ်မှုကိုပြုကြ၏။-