19 ယဇ်ပုရောဟိတ်သည်အပြစ်ဖြေရာယဇ် ကောင်၏သွေးအနည်းငယ်ကိုယူ၍ ဗိမာန် တော်တံခါးတိုင်များ၊ ယဇ်ပလ္လင်၏ထောင့် လေးထောင့်နှင့် တံတိုင်းအတွင်းရှိဝင်းသို့ ဝင်ရာတံခါးတိုင်များကိုသုတ်ရမည်။-
20 မည်သူမဆိုအမှုမဲ့အမှတ်မဲ့သော်လည်း ကောင်း၊ မသိနားမလည်သဖြင့်သော်လည်း ကောင်းအပြစ်ကူးလွန်မိခဲ့လျှင်ထိုသူ အပြစ်ဖြေရန်အတွက်ထိုလဆန်းခုနစ် ရက်နေ့၌ဤနည်းအတိုင်းပင်ပြုရမည်။ ဤ နည်းအားဖြင့်သင်သည်ဗိမာန်တော်ကိုသန့် စင်စွာထားရှိရမည်။
21 ပထမလ၊ လဆန်းတစ်ဆယ့်လေးရက်နေ့ ၌ပသခါပွဲတော်ကိုစတင်ကျင်းပရမည်။ လူတိုင်းပင်တဆေးမဲ့မုန့်ကိုခုနစ်ရက်တိုင် တိုင်စားရကြမည်။-
22 ပွဲတော်ပထမနေ့၌နန်းစံနေဆဲမင်းသား သည်မိမိ၏အတွက်နှင့်လူအပေါင်းတို့ အတွက်အပြစ်ဖြေရာယဇ်အဖြစ်နွားထီး တစ်ကောင်ကိုပူဇော်ရမည်။-
23 သူသည်ခုနစ်ရက်ပတ်လုံးနေ့စဉ်နေ့တိုင်း ထာဝရဘုရားအားအပြစ်အနာဆာကင်း သည့်နွားထီးခုနစ်ကောင်နှင့်သိုးထီးခုနစ် ကောင်ကိုမီးရှို့ရာယဇ်အဖြစ်ဖြင့်လည်းကောင်း၊ ဆိတ်ထီးတစ်ကောင်ကိုအပြစ်ဖြေရာယဇ် အဖြစ်ဖြင့်လည်းကောင်းပူဇော်ရမည်။-
24 ယဇ်ပူဇော်သောနွားထီးတစ်ကောင်နှင့်သိုးထီး တစ်ကောင်လျှင်မုန့်ညက်တင်းဝက်၊ သံလွင်ဆီ တစ်ပိဿာငါးဆယ်သားကိုလည်းပူဇော်ရ မည်။
25 ``သတ္တမလ၊ လဆန်းဆယ့်ငါးရက်နေ့၌အစ ပြုသောသကေနေပွဲတော်အတွက်မင်းသား သည်ပွဲတော်ရက်ခုနစ်ရက်တိုင်တိုင်နေ့စဉ် အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်၊ မုန့်ညက်နှင့် သံလွင်ဆီပူဇော်သကာတို့ကိုယခင်ကနည်း အတိုင်းပူဇော်ရမည်'' ဟုမိန့်တော်မူ၏။