5 ကျန်မြေကွက်တစ်ဝက်တွင်ဗိမာန်တော် ဝေယျာဝစ္စကိုဆောင်ရွက်ရသူလေဝိအနွယ် ဝင်တို့အတွက်မြို့များတည်ဆောက်ရန်ဖြစ် ရမည်။
6 မြို့တစ်မြို့တည်ရန်အတွက်အလျားရှစ်မိုင်၊ အနံရှစ်မိုင်ရှိသောမြေယာကိုလည်းဖယ် ထားရမည်။ ထိုမြေယာသည်သန့်ရှင်းမြင့် မြတ်သည့်နယ်မြေနှင့်ကပ်လျက်နေပြီးလျှင် ဣသရေလအမျိုးသားတို့နေထိုင်ရန် အတွက်ဖြစ်ရမည်။
7 နန်းစံနေဆဲမင်းသားအတွက်မြေယာတစ် ကွက်ကိုလည်းဖယ်ထားရမည်။ ယင်းသည်သန့် ရှင်းမြင့်မြတ်သည့်နယ်မြေ၏အနောက်ဘက် နယ်နိမိတ်မှအနောက်ဘက်သို့လားသော်မြေ ထဲပင်လယ်အထိ၊ အရှေ့ဘက်သို့လားသော် တိုင်းပြည်၏အရှေ့နယ်နိမိတ်အထိဖြစ်ရ မည်။ ယင်း၏အလျားသည်ဣသရေလအမျိုး နွယ်တစ်နွယ်အတွက်သတ်မှတ်ထားသည့်နယ် မြေ၏အလျားအတိုင်းဖြစ်ရမည်။-
8 ဤနယ်မြေသည်နန်းစံနေဆဲဖြစ်သောမင်း သား၏ဝေစုဖြစ်စေရမည်။ သို့မှသာလျှင် သူသည်ပြည်သူတို့အားနှိပ်စက်ကလူမပြု တော့ဘဲဣသရေလအနွယ်အသီးသီးတို့ အားကြွင်းကျန်သည့်မြေယာများကိုပိုင် ဆိုင်ခွင့်ပေးလိမ့်မည်။
9 အရှင်ထာဝရဘုရားက``အချင်းဣသရေလ မင်းသားတို့၊ သင်တို့အပြစ်ကူးလွန်လျက် နေသည်မှာကြာလေပြီ။ သင်တို့၏အကြမ်း ဖက်မှုနှင့်နှိပ်စက်ကလူပြုမှုတို့ကိုရပ်စဲ ကြလော့။ မှန်ရာတရားမျှတရာတို့ကိုပြု ကျင့်ကြလော့။ သင်တို့သည်ငါ၏လူမျိုးတော် အားတိုင်းပြည်မှနောက်ထပ်ဘယ်အခါ၌မျှ မနှင်မထုတ်ရကြ။ ဤကားသင်တို့အား ငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။
10 ``လူတိုင်းပင်အလေးမှန်တင်းမှန်ကိုအသုံး ပြုရကြမည်။
11 ``ကုန်ခြောက်ကိုခြင်တွယ်သည့်ဧဖာသည် အရည်ကိုခြင်တွယ်သည့်ဗတ်နှင့်တူညီရမည်။ ဟောမဲကိုအမှီပြု၍ခြင်တွယ်ရသည်။တစ်ဟောမဲတွင်တစ်ဆယ်ဧဖာသို့မဟုတ် တစ်ဆယ်ဗက်ရှိသတည်း။