9 အရှင်ထာဝရဘုရားက``အချင်းဣသရေလ မင်းသားတို့၊ သင်တို့အပြစ်ကူးလွန်လျက် နေသည်မှာကြာလေပြီ။ သင်တို့၏အကြမ်း ဖက်မှုနှင့်နှိပ်စက်ကလူပြုမှုတို့ကိုရပ်စဲ ကြလော့။ မှန်ရာတရားမျှတရာတို့ကိုပြု ကျင့်ကြလော့။ သင်တို့သည်ငါ၏လူမျိုးတော် အားတိုင်းပြည်မှနောက်ထပ်ဘယ်အခါ၌မျှ မနှင်မထုတ်ရကြ။ ဤကားသင်တို့အား ငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။
10 ``လူတိုင်းပင်အလေးမှန်တင်းမှန်ကိုအသုံး ပြုရကြမည်။
11 ``ကုန်ခြောက်ကိုခြင်တွယ်သည့်ဧဖာသည် အရည်ကိုခြင်တွယ်သည့်ဗတ်နှင့်တူညီရမည်။ ဟောမဲကိုအမှီပြု၍ခြင်တွယ်ရသည်။တစ်ဟောမဲတွင်တစ်ဆယ်ဧဖာသို့မဟုတ် တစ်ဆယ်ဗက်ရှိသတည်း။
12 ``သင်တို့၏အလေးများသည်အောက်ပါ အတိုင်းဖြစ်ရမည်။နှစ်ဆယ်ဂေရာသည်တစ်ကျပ်၊ခြောက်ဆယ်ကျပ် သည်တစ်မာနေဖြစ်၏။
13-15 ``သင်တို့သည်ပူဇော်သကာများဆက်သရာ တွင်အောက်ပါအခြေခံမူကိုအသုံးပြုရ ကြမည်။ ဂျုံဆန်သို့မဟုတ်မုယောဆန်ကို ပေးလှူသောအခါသင်တို့ရိတ်သိမ်း၍ရ ရှိသည့်ဂျုံဆန်ပမာဏ၏ခြောက်ဆယ်ပုံတစ်ပုံ၊မုယော ဆန်ပမာဏ၏ခြောက်ဆယ်ပုံတစ်ပုံ၊သံလွင် ဆီကိုသင်တို့၏သံလွင်ပင်များမှထွက်ရှိ သမျှ၏တစ်ရာပုံတစ်ပုံကိုပေးလှူရမည်။(ယင်းကိုဗတ်ဖြင့်ချိန်တွယ်ရမည်။ ဆယ်ဗတ် လျှင်တစ်ဟောမဲ၊ သို့မဟုတ်တစ်ကောရရှိ၏။)ဣသရေလပြည်၊ ရေများသောစားကျက် များမှ သိုးအကောင်နှစ်ရာလျှင်တစ်ကောင် ကျပူဇော်ရမည်။``သင်တို့၏အပြစ်များမှဖြေလွှတ်ကြစေ ရန်ဘောဇဉ်ပူဇော်သကာများမီးရှို့ရာယဇ် နှင့်မိတ်သဟာယအတွက်တိရစ္ဆာန်များကို ယူဆောင်လာရမည်။ ဤကားငါအရှင် ထာဝရဘုရား၏အမိန့်တော်ဖြစ်၏။
16 ``ပြည်သူအပေါင်းတို့သည်ဤပူဇော်သကာ များကိုနန်းစံနေဆဲမင်းသားထံသို့ယူ ဆောင်သွားရကြမည်။-
17 လဆန်းနေ့၊ ဥပုသ်နေ့နှင့်အခြားပွဲနေ့တို့၌ ဣသရေလအမျိုးသားတစ်ရပ်လုံးအတွက် မီးရှို့ရာယဇ်အတွက်တိရစ္ဆာန်များ၊ ဘောဇဉ် ပူဇော်သကာများနှင့်စပျစ်ရည်ပူဇော် သကာများကိုနန်းစံနေဆဲမင်းသားသည် ဆက်သရသောတာဝန်ရှိသည်။ သူသည် ဣသရေလအမျိုးသားတို့အပြစ်များ ပြေစေခြင်းငှာအပြစ်ဖြေရာယဇ်၊ ဘောဇဉ် ပူဇော်သကာ၊ မီးရှို့ရာယဇ်နှင့်မိတ်သဟာယဇ် တို့အတွက်စီမံရမည်'' ဟုမိန့်တော်မူ၏။