2 ထိုအခါ၌ဗာဗုလုန်မင်း၏တပ်မတော်သည် ယေရုရှလင်မြို့ကိုတိုက်ခိုက်လျက်ရှိ၏။ ငါ သည်လည်းဘုရင့်နန်းတော်ဝင်းအတွင်း၌ အချုပ်ခံလျက်နေရ၏။-
3 ဇေဒကိမင်းသည်ငါ့အားထိုအရပ်တွင် အကျဉ်းချထားပြီးနောက်``ဤမြို့ကိုဗာဗု လုန်ဘုရင်အားငါပေးအပ်မည်။ သူသည် ဤမြို့ကိုသိမ်းယူလိမ့်မည်။-
4 ဇေဒကိမင်းသည်ဗာဗုလုန်ပြည်သားတို့ ၏ဘေးမှလွတ်မြောက်ရလိမ့်မည်မဟုတ်။ ဗာဗုလုန်ဘုရင်၏လက်တွင်းသို့သက်ဆင်း ရကာသူနှင့်မျက်နှာချင်းဆိုင်တွေ့ဆုံပြော ဆိုရလိမ့်မည်။-
5 ဇေဒကိသည်ဗာဗုလုန်မြို့သို့ခေါ်ဆောင်ခြင်း ကိုခံရ၍ သူ့အားငါမစီရင်မချင်းထိုမြို့ တွင်နေရလိမ့်မည်။ သူသည်ဗာဗုလုန်အမျိုး သားတို့အားပြန်လှန်၍ပင်တိုက်ခိုက်စေကာ မူအောင်မြင်လိမ့်မည်မဟုတ်။ ဤကားငါ ထာဝရဘုရားမြွက်ဟသည့်စကားဖြစ်၏ ဟုမိန့်တော်မူကြောင်းအဘယ့်ကြောင့်ဟော ပြောကြေညာရသနည်း'' ဟုပြစ်တင် စွပ်စွဲ၏။
6-7 ထာဝရဘုရားသည်ငါ့အား``သင်၏ဦးရီး ရှလ္လုံ၏သားဟာနမေလသည်အာနသုတ် တွင်ရှိသည့် မိမိ၏လယ်မြေကိုဝယ်ယူရန် သင့်အားပြောကြားလာလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်သင်သည်သူနှင့်အနီးဆုံး ဆွေမျိုးတော်စပ်သဖြင့် ထိုမြေကွက်ကို ဝယ်ယူပိုင်ခွင့်ရှိသူဖြစ်သောကြောင့်တည်း'' ဟုမိန့်တော်မူ၏။-
8 ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပင်လျှင် ငါ့ညီဟာနမေလသည်ငါရှိရာအချုပ် ထောင်ဝင်းအတွင်းသို့လာ၍``ဗင်္ယာမိန်နယ်မြေ တွင်းရှိဒေသတွင်ရှိသည့်အကျွန်ုပ်၏လယ် မြေကိုဝယ်ယူပါ။ သင်သည်အကျွန်ုပ်နှင့်အနီး ဆုံးဆွေမျိုးတော်စပ်သဖြင့် ထိုမြေကိုဝယ်ယူ သိမ်းပိုက်နိုင်ခွင့်ရှိပါသည်'' ဟုဆို၏။ ထိုအခါ ငါသည်ဤအမှုကိုပြုရန်ထာဝရဘုရား မိန့်မှာထားတော်မူသည်ကိုသိသဖြင့်၊-
9 ဟာနမေလထံမှလယ်ကိုဝယ်ယူကာသူ့ အားငွေကိုချိန်တွယ်၍ပေး၏။ လယ်ဖိုးငွေ သားမှာတစ်ဆယ့်ခုနစ်ခုဖြစ်သတည်း။-