8 ထိုနောက်ရက်အနည်းငယ်ကြာသောအခါ ရှံဆုန်သည် ထိုသူငယ်မနှင့်လက်ထပ်ထိမ်းမြား ရန်ပြန်လာ၏။ ထိုခရီးတွင်သူသည်လမ်းမ မှလွှဲရှောင်ကာ မိမိယခင်ကသတ်ခဲ့သည့် ခြင်္သေ့ကိုကြည့်ရှုရန်သွားရာခြင်္သေ့အသေ ကောင်ထဲ၌ပျားအုံနှင့်ပျားများကိုတွေ့ ရှိရသဖြင့်အံ့သြ၍သွားလေသည်။-