35 ``ကျွန်တော်မျိုးတို့သည်ကျေးဇူးတော်ကိုချီးမွမ်း၍ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သော နာမတော်ကိုထောမနာပြုကြစေရန်ကျွန်တော်မျိုးတို့၏ ကယ်တင်ရှင်ဘုရားသခင်ကျွန်တော်မျိုးတို့ကိုကယ်တင်တော်မူပါ။ကျွန်တော်မျိုးတို့ကိုစုရုံး၍ကျွန်တော်မျိုးတို့အားလူမျိုးတကာတို့၏လက်မှကယ်တော်မူပါ'' ဟု ကိုယ်တော်အားမြွက်ဆိုကြလော့။
36 ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားကိုထောမနာပြုကြလော့။ကိုယ်တော်အားယခုမှစ၍ကမ္ဘာအဆက်ဆက် ထောမနာပြုကြလော့။ထိုအခါလူအပေါင်းတို့သည်``အာမင်'' ဟုဆို ၍ထာဝရဘုရားအားထောမနာပြုကြ ကုန်၏။
37 ဒါဝိဒ်မင်းသည်အာသပ်နှင့်သူ၏သားချင်း လေဝိအနွယ်တို့အား ပဋိညာဉ်သေတ္တာတော် တည်ရာဌာနတွင်ကိုးကွယ်ဝတ်ပြုမှုအတွက် အမြဲတမ်းတာဝန်ပေးအပ်တော်မူ၏။ သူတို့ သည်နေ့စဉ်နေ့တိုင်းမိမိတို့၏တာဝန်ဝတ္တရား များကိုဆောင်ရွက်ရကြ၏။-
38 ယေဒုသုန်၏သားသြဗဒေဒုံနှင့်သူ၏သားချင်း စုမှလူခြောက်ဆယ့်ရှစ်ယောက်တို့သည် အာသပ် နှင့်လေဝိအနွယ်ဝင်တို့အားကူညီမစရ ကြ၏။ ဟောသံနှင့်သြဗဒေဒုံတို့ကား တံခါးမှူးများဖြစ်သတည်း။
39 ယဇ်ပုရောဟိတ်ဇာဒုတ်နှင့်သူ၏အဖော်ယဇ် ပုရောဟိတ်များမူကား ဂိဗောင်၌ထာဝရ ဘုရားအားကိုးကွယ်ဝတ်ပြုရာဌာနတွင် တာဝန်ယူရကြလေသည်။-
40 သူတို့သည်ဣသရေလအမျိုးသားတို့အား ထာဝရဘုရား ပေးအပ်တော်မူသောပညတ် ကျမ်းတွင်ရေးသားပါရှိသည့်အတိုင်းနေ့စဉ် နံနက်၌တစ်ကြိမ်၊ ညနေ၌တစ်ကြိမ်ယဇ်ပလ္လင် ပေါ်တွင် ယဇ်ကောင်များကိုအကောင်လိုက်တင် ၍မီးရှို့ပူဇော်ရကြ၏။-
41 ထာဝရဘုရား၏မေတ္တာတော်သည်ထာဝရ တည်သည်ဖြစ်၍ ထောမနာသီချင်းများဖြင့် ကိုယ်တော်၏ဂုဏ်တော်ကိုချီးမွမ်းရန်သီးခြား သတ်မှတ်ရွေးချယ်ထားသူဟေမန်၊ ယေဒုသုန် နှင့်အခြားသူတို့သည်လည်း ထိုအရပ်တွင် ယဇ်ပုရောဟိတ်များနှင့်အတူရှိကြပေ သည်။-