10 အာမောရိပြည်ကို အစိုးရသော ရှိဟုန်မင်း၊
11 ဗာရှန်ပြည်ကို အစိုးရ သောဩဃမင်းနှင့်တကွ၊ ဘုန်းကြီးသော ရှင်ဘုရင်များကို ကွပ်မျက်၍၊ များပြား သော လူမျိုးနှင့်တကွ၊ ခါနာန်တိုင်းနိုင်ငံအပေါင်းတို့ကို လုပ်ကြံသဖြင့်၊
12 သူတို့နေရာ မြေကိုလွှဲ၍၊ မိမိလူ ဣသရေလ အမျိုးအား အမွေကို ပေးချေတော်မူ၏။
13 အိုထာဝရဘုရား၊ ကိုယ်တော်၏ အမည်သည် နိစ္စထာဝရဖြစ်ပါ၏။ အိုထာဝရဘုရား၊ ဘွဲ့နာမတော် သည် ကာလအစဉ်အဆက် တည်ပါ၏။
14 ထာဝရဘုရားသည် မိမိကျွန်တို့၏ အတွက် နောင်တရ၍၊ မိမိလူစုဘက်မှ တရားစီရင်တော်မူ၏။
15 သာသနာပလူတို့ ကိုးကွယ်သော ရုပ်တုတို့ကား ငွေလည်းဖြစ်၏။ ရွှေလည်းဖြစ်၏။ လူလက်ဖြင့် လုပ် သော အရာပေတည်း။
16 ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကားမပြောတတ်။ မျက်စိရှိ၍ မမြင်တတ်။