6 သုကုတ်အရပ်မှပြောင်း၍ တောစပ်နား၊ ဧသံမြို့၌စားခန်းချကြ၏။
7 ဧသံမြို့မှပြောင်း၍ ဗာလဇေဖုန်မြို့ရှေ့မှာရှိသော ပိဟဟိရုတ်မြို့သို့ တဖန်လည်၍ မိဂဒေါလမြို့ရှေ့၌ စားခန်းချကြ၏။
8 ပိဟဟိရုတ်မြို့မှပြောင်း၍ ပင်လယ်အလယ်၌ရှောက်သွားသဖြင့် ဧသံတောသို့ ရောက်၍၊ ထိုတောထဲ၌သုံးရက်ခရီးသွားပြီးလျှင်၊ မာရအရပ်၌စားခန်းချကြ၏။
9 မာရအရပ်မှပြောင်း၍ ရေတွင်းဆယ်နှစ်တွင်းနှင့် စွန်ပလွံပင်ခုနစ်ဆယ်ရှိသော ဧလိမ်ရွာသို့ရောက်၍ စားခန်းချကြ၏။
10 ဧလိမ်ရွာမှပြောင်း၍ ဧဒုံပင်လယ်နားမှာ စားခန်းချကြ၏။
11 ဧဒုံပင်လယ်မှပြောင်း၍ သိန်တော၌ စားခန်းချကြ၏။
12 သိန်တောမှပြောင်း၍ ဒေါဖကာအရပ်၌စားခန်းချကြ၏။