ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 7:7-13 MSB

7 တိ​တု​ရောက်​ရှိ​လာ​ခြင်း​အား​ဖြင့်​သာ​မ​က တိ​တု​သည် သင်​တို့​ထံ​မှ​ရ​ရှိ​သော​နှစ်​သိမ့်​မှု​အား​ဖြင့်​လည်း ငါ​တို့​ကို နှစ်​သိမ့်​ပေး​တော်​မူ​၏။ တစ်​နည်း​ဆို​သော် သင်​တို့​သည် ငါ့​ကို​လွမ်း​ဆွတ်​နေ​ကြောင်း၊ အ​လွန်​ဝမ်း​နည်း​နေ​ကြောင်း​နှင့် ငါ့​အ​ပေါ်​စေ​တ​နာ​စိတ်​ထက်​သန်​လျက်​ရှိ​ကြောင်း​တို့​ကို ငါ​တို့​အား တိ​တု​ပြော​ပြ​သော​ကြောင့် ငါ​သည် ပို​၍​ဝမ်း​မြောက်​၏။

8 ငါ​ရေး​လိုက်​သော​စာ​အား​ဖြင့် သင်​တို့​ကို ဝမ်း​နည်း​စေ​ခဲ့​သော်​လည်း ငါ​သည် စိတ်​မ​ကောင်း​မ​ဖြစ်​ပေ။ ထို​စာ​သည် သင်​တို့​ကို ခေတ္တ​ခ​ဏ​ဝမ်း​နည်း​စေ​ခဲ့​သည်​ကို ငါ​မြင်​၍ စိတ်​မ​ကောင်း​ဖြစ်​ခဲ့​လျှင်​ပင်

9 ယ​ခု ငါ​ဝမ်း​မြောက်​လျက်​ရှိ​၏။ ထို​သို့​ဆို​သော် သင်​တို့​ကို​ဝမ်း​နည်း​စေ​ခဲ့​သော​ကြောင့် ငါ​ဝမ်း​မြောက်​သည်​မ​ဟုတ်။ သင်​တို့​၏​ဝမ်း​နည်း​ခြင်း​သည် သင်​တို့​ကို နောင်​တ​ရ​စေ​သော​ကြောင့်​သာ​ဖြစ်​၏။ အ​မှန်​စင်​စစ် သင်​တို့​သည် ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ ဝမ်း​နည်း​ကြ​ရ​သည်​ဖြစ်​၍ ငါ​တို့​ကြောင့် မည်​သည့်​ဆုံး​ရှုံး​မှု​ကို​မျှ မ​ခံ​စား​ရ​ချေ။

10 အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​ညီ​သော ဝမ်း​နည်း​ခြင်း​သည် ယူ​ကျုံး​မ​ရ​မ​ဖြစ်​ရ​လေ​အောင် ကယ်​တင်​ခြင်း​ရ​ရှိ​စေ​သည့် နောင်​တ​စိတ်​ကို​ဖြစ်​ပေါ်​စေ​၏။ လော​ကီ​ဝမ်း​နည်း​ခြင်း​မူ​ကား သေ​ခြင်း​ကို​ဖြစ်​ပေါ်​စေ​၏။

11 ကြည့်​ကြ​လော့။ ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​ညီ​သော ဤ​ဝမ်း​နည်း​ခြင်း​သည် သင်​တို့​အ​ထဲ​တွင် မည်​သို့​သော ကြိုး​စား​အား​ထုတ်​ခြင်း၊ ဖြေ​ရှင်း​ချက်​ပေး​ခြင်း၊ မ​ခံ​မ​ရပ်​နိုင်​ဖြစ်​ခြင်း၊ ကြောက်​ရွံ့​ခြင်း၊ အ​လွန်​တောင့်​တ​ခြင်း၊ စိတ်​အား​ထက်​သန်​ခြင်း​နှင့် တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း​တို့​ကို ဖြစ်​ပေါ်​စေ​ခဲ့​သ​နည်း။ သင်​တို့​သည် ဤ​အ​မှု​၌​အ​ပြစ်​ကင်း​စင်​ကြောင်း သင်​တို့​ကိုယ်​တိုင် အ​ရာ​ရာ​၌​ထင်​ရှား​စေ​ကြ​ပြီ။

12 သို့​ဖြစ်​၍ ငါ​သည် သင်​တို့​ထံ​သို့​ရေး​သား​ခဲ့​ခြင်း​မှာ ပြစ်​မှား​သော​သူ​အ​တွက်​ကြောင့်​မ​ဟုတ်။ ပြစ်​မှား​ခြင်း​ခံ​ရ​သော​သူ​အ​တွက်​ကြောင့်​လည်း​မ​ဟုတ်။ ငါ​တို့​အ​ပေါ်​ထား​ရှိ​သော သင်​တို့​၏​စိတ်​အား​ထက်​သန်​မှု​ကို ဘု​ရား​သ​ခင်​ရှေ့​တော်​၌ သင်​တို့​ကိုယ်​တိုင်​တွေ့​မြင်​ကြ​စေ​ရန်​အ​တွက်​သာ​ဖြစ်​၏။

13 ထို့​ကြောင့် ငါ​တို့​သည် နှစ်​သိမ့်​မှု​ကို​ခံ​စား​ရ​ကြ​၏။ ငါ​တို့​ခံ​စား​ရ​သော​နှစ်​သိမ့်​မှု​အ​ပြင် တိ​တု​၏​စိတ်​နှ​လုံး​သည် သင်​တို့​အား​လုံး​ကြောင့် ငြိမ်​သက်​ချမ်း​သာ​မှု​ကို​ခံ​စား​ရ​သည်​ဖြစ်​၍ သူ​၏​ဝမ်း​မြောက်​ခြင်း​ကြောင့် ငါ​တို့​သည် ပို​၍​ဝမ်း​မြောက်​ကြ​၏။