ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 1:20-24 MSB

20 သင်​တို့​ထံ​သို့ ငါ​ရေး​နေ​သော​အ​ကြောင်း​အ​ရာ​များ​တွင် မု​သား​မ​ပါ​ကြောင်း ဘု​ရား​သ​ခင်​သိ​တော်​မူ​၏။

21 ထို့​နောက် ဆီး​ရီး​ယား​ပြည်​နှင့် ဆီ​လီ​ဆီး​ယား​ပြည်​သို့ ငါ​သွား​ခဲ့​၏။

22 သို့​ရာ​တွင် ခ​ရစ်​တော်​၌​တည်​သော ယု​ဒ​ပြည်​ရှိ အ​သင်း​တော်​များ​သည် ငါ​နှင့်​လူ​ချင်း​မ​သိ​ကြ​သေး​ဘဲ

23 “ယ​ခင်​က ငါ​တို့​ကို​ညှဉ်း​ဆဲ​ခဲ့​သော​သူ​သည် တစ်​ချိန်​က သူ​ဖျက်​ဆီး​ရန်​ကြိုး​စား​ခဲ့​သော​ယုံ​ကြည်​ခြင်း​တ​ရား​ကို ယ​ခု ဟော​ပြော​လျက်​နေ​သည်”​ဟူ​၍​သာ ကြား​ရ​ကြ​၏။

24 ထို​အ​ခါ သူ​တို့​သည် ငါ့​ကြောင့် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​၏။