တ​မန်​တော်​ဝတ္ထု 17:29-34 MSB

29 ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​ကြ​သော​ကြောင့် ဘု​ရား​သ​ခင်​ကို လူ​၏​အ​တတ်​ပ​ညာ​နှင့်​စဉ်း​စား​ဆင်​ခြင်​မှု​တို့​ဖြင့် ရွှေ၊ ငွေ၊ ကျောက်​တုံး​တို့​ကို​ထွင်း​ထု​ပြု​လုပ်​ထား​သည့် ရုပ်​တု​နှင့်​တူ​သည်​ဟု​မ​ထင်​မှတ်​သင့်​ပေ။

30 ဘု​ရား​သ​ခင်​သည် လူ​တို့​မ​သိ​နား​မ​လည်​သည့်​အ​ချိန်​ကာ​လ​ကို အ​မှု​မ​ထား​ခဲ့​သော်​လည်း ယ​ခု​အ​ခါ နေ​ရာ​တိုင်း​ရှိ လူ​အ​ပေါင်း​တို့​အား နောင်​တ​ရ​ကြ​ရန် အ​မိန့်​ပေး​တော်​မူ​၏။

31 အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် မိ​မိ​ခန့်​အပ်​ထား​သော​အ​ရှင်​အား​ဖြင့် ကမ္ဘာ​လော​က​အား ဖြောင့်​မတ်​စွာ​တ​ရား​စီ​ရင်​မည့်​နေ့​ရက်​ကို သတ်​မှတ်​ထား​တော်​မူ​ပြီး ထို​အ​ရှင်​ကို သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​စေ​တော်​မူ​ခြင်း​အား​ဖြင့် လူ​အ​ပေါင်း​တို့​အား ခိုင်​လုံ​သော​အ​ထောက်​အ​ထား​ကို​ပေး​တော်​မူ​၏”​ဟု ဆို​လေ​၏။

32 သေ​လွန်​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း​ကို ကြား​ကြ​သော​အ​ခါ အ​ချို့​သော​သူ​တို့​သည် ကဲ့​ရဲ့​ကြ​၏။ အ​ချို့​သော​သူ​တို့​က​မူ “ဤ​အ​ကြောင်း​နှင့်​ပတ်​သက်​၍ သင့်​ထံ​မှ နောက်​တစ်​ဖန် နား​ထောင်​ဦး​မည်”​ဟု ဆို​ကြ​၏။

33 ထို​အ​ခါ ပေါ​လု​သည် သူ​တို့​ထံ​မှ ထွက်​သွား​လေ​၏။

34 သို့​သော် လူ​အ​ချို့​တို့​သည် ပေါ​လု​နှင့်​ပေါင်း​ဖော်​၍ ယုံ​ကြည်​ကြ​၏။ သူ​တို့​ထဲ​တွင် အာ​ရေ​ပါ​ဂု​ရုံး​တော်​အ​ဖွဲ့​ဝင်​တစ်​ဦး​ဖြစ်​သော ဒ​ယော​နု​သိ​နှင့် ဒ​မာ​ရိ​အ​မည်​ရှိ​အ​မျိုး​သ​မီး​တို့​အ​ပြင် သူ​တို့​နှင့်​အ​တူ​ရှိ​သော အ​ခြား​သူ​များ​ပါ​ကြ​၏။