တ​မန်​တော်​ဝတ္ထု 23:10-16 MSB

10 သ​ဘော​ထား​ကွဲ​လွဲ​မှု​ပြင်း​ထန်​လာ​၍ သူ​တို့​သည် ပေါ​လု​အား အ​ပိုင်း​ပိုင်း​ဆွဲ​ဖြတ်​ကြ​မည်​ကို တပ်​မှူး​ကြီး​သည် စိုး​ရိမ်​သ​ဖြင့် စစ်​သား​များ​အား ဆင်း​သွား​၍ ပေါ​လု​ကို သူ​တို့​ထံ​မှ မ​ရ​မ​က​ခေါ်​ဆောင်​လာ​ပြီး စ​ခန်း​ထဲ​သို့​ခေါ်​သွား​ရန် အ​မိန့်​ပေး​လေ​၏။

11 ထို​ည​၌ သ​ခင်​ဘု​ရား​သည် ပေါ​လု​ထံ​ပါး​၌​ပေါ်​လာ​၍ “မ​စိုး​ရိမ်​နှင့်။ အ​ကြောင်း​မူ​ကား သင်​သည် ဂျေ​ရု​ဆ​လင်​မြို့​၌ ငါ့​အ​ကြောင်း​ကို သက်​သေ​ခံ​ခဲ့​သည်​နည်း​တူ ရော​မ​မြို့​၌​လည်း သက်​သေ​ခံ​ရ​မည်”​ဟု မိန့်​တော်​မူ​၏။

12 မိုး​လင်း​သော​အ​ခါ ဂျူး​လူ​မျိုး​တို့​သည် ပူး​ပေါင်း​ကြံ​စည်​လျက် ပေါ​လု​ကို​မ​သတ်​ရ​မ​ချင်း မည်​သည့်​အ​ရာ​ကို​မျှ မ​စား​မ​သောက်​ရန် ကျိန်​ဆို​ကြ​၏။

13 ဤ​လျှို့​ဝှက်​ကြံ​စည်​မှု​တွင်​ပါ​ဝင်​သော​သူ​များ​သည် အ​ယောက်​လေး​ဆယ်​ကျော်​ရှိ​ကြ​၏။

14 သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့်​သက်​ကြီး​ဝါ​ကြီး​များ​ထံ ချဉ်း​ကပ်​လျက် “အ​ကျွန်ုပ်​တို့​သည် ပေါ​လု​ကို​မ​သတ်​ရ​မ​ချင်း မည်​သည့်​အ​စာ​ကို​မျှ မ​မြည်း​မ​စမ်း​ဟု အ​လေး​အ​နက်​ကျိန်​ဆို​ထား​ကြ​ပါ​သည်။

15 သို့​ဖြစ်​၍ ယ​ခု အ​ရှင်​တို့​သည် တ​ရား​လွှတ်​တော်​အ​ဖွဲ့​နှင့်​အ​တူ ပေါ​လု​၏​အ​မှု​ကို ပို​၍​တိ​ကျ​စွာ​စစ်​ဆေး​လို​ဟန်​ပြု​လျက် သူ့​ကို အ​ရှင်​တို့​ထံ​သို့​ခေါ်​ဆောင်​လာ​ရန်​တပ်​မှူး​ကြီး​အား လျှောက်​ထား​ကြ​ပါ။ အ​ကျွန်ုပ်​တို့​သည် ဤ​နေ​ရာ​သို့ သူ​မ​ရောက်​လာ​မီ သူ့​ကို​သတ်​ရန် အ​သင့်​ရှိ​နေ​ပါ​မည်”​ဟု ပြော​ကြား​ကြ​၏။

16 သို့​သော် ပေါ​လု​နှ​မ​၏​သား​သည် ထို​ချောင်း​မြောင်း​သတ်​ဖြတ်​မည့်​အ​စီ​အ​စဉ်​ကို​ကြား​လျှင် စ​ခန်း​ထဲ​သို့​ဝင်​၍ ပေါ​လု​အား ပြော​ပြ​လေ​၏။