25 ထို့ကြောင့် အကျွန်ုပ်သည် ကြောက်သဖြင့် သွား၍ သခင်၏ငွေကို မြေ၌ဝှက်ထားပါသည်။ ကြည့်ပါ။ သခင်၏ဥစ္စာရှိပါသည်’ဟု လျှောက်လေ၏။
26 သူ၏သခင်ကလည်း ‘ဆိုးညစ်၍ ပျင်းရိသောအစေအပါး၊ ငါသည် မစိုက်ပျိုးသည့်နေရာမှရိတ်သိမ်းပြီး မကြဲဖြန့်သည့်နေရာမှစုသိမ်းတတ်ကြောင်း သင်သိသည်မှန်လျှင်
27 ငါ၏ငွေကို ငွေတိုးပေးသူလက်၌ အပ်ထားသင့်၏။ သို့ပြုလျှင် ငါပြန်လာသောအခါ ငါ၏ငွေကို အတိုးနှင့်တကွရရှိခဲ့ပေလိမ့်မည်။
28 ထို့ကြောင့် တစ်တာလန်ကို သူ့ထံမှယူ၍ ဆယ်တာလန်ရှိသောသူအား ပေးကြလော့။
29 အကြောင်းမူကား ရှိသောသူတိုင်းအား ထပ်၍ပေးသဖြင့် သူတို့သည် ကြွယ်ဝပြည့်စုံလိမ့်မည်။ မရှိသောသူမူကား သူ၌ရှိသောအရာပင် သူ့ထံမှ သိမ်းယူခြင်းခံရလိမ့်မည်။
30 အကျိုးမပြုသော ဤအစေအပါးကိုကား အပြင်ဘက်အမှောင်ထဲသို့ နှင်ထုတ်ကြလော့။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်’ဟု ဆိုလေ၏။
31 လူ့သားသည် မိမိ၏ဘုန်းအသရေကိုဆောင်လျက် ကောင်းကင်တမန်အပေါင်းတို့နှင့်တကွ ကြွလာသောအခါ ဘုန်းအသရေနှင့်ပြည့်စုံသော မိမိ၏ပလ္လင်ပေါ်၌ ထိုင်တော်မူလိမ့်မည်။