27 ထိုမုန့်တစ်ဖဲ့ကိုခံယူပြီးသောအခါ စာတန်သည် သူ့အထဲသို့ဝင်လေ၏။ ထို့ကြောင့် ယေရှုသည် ယုဒအား “သင်ပြုနေသည့်အမှုကို အမြန်ပြုလော့”ဟု မိန့်တော်မူ၏။
28 သို့သော် ကိုယ်တော်သည် ယုဒအား အဘယ်ကြောင့် ထိုသို့မိန့်တော်မူသည်ကို စားပွဲ၌ထိုင်နေသောသူတို့တွင် မည်သူမျှမသိကြပေ။
29 အချို့တို့က ယုဒသည် ငွေအိတ်ကိုကိုင်ရသည်ဖြစ်၍ ယေရှုက သူ့အား “ပွဲတော်အတွက်လိုအပ်သောအရာများကို ဝယ်ယူလော့”ဟူ၍ သို့မဟုတ် “ဆင်းရဲသားတို့အား တစ်စုံတစ်ခုပေးသင့်သည်”ဟူ၍ မိန့်တော်မူသည်ဟု ထင်မှတ်ကြ၏။
30 ယုဒသည် မုန့်တစ်ဖဲ့ကိုခံယူပြီးလျှင် ချက်ချင်းထွက်သွားလေ၏။ ထိုအချိန်ကား ညအချိန်ဖြစ်၏။
31 ယုဒထွက်သွားပြီးနောက် ယေရှုက “ယခုအခါ လူ့သားကို ဘုန်းတော်ထင်ရှားစေတော်မူပြီ။ ဘုရားသခင်သည်လည်း လူ့သားအားဖြင့် ဘုန်းတော်ထင်ရှားတော်မူပြီ။
32 ဘုရားသခင်သည် လူ့သားအားဖြင့် ဘုန်းတော်ထင်ရှားတော်မူလျှင် ဘုရားသခင်ကိုယ်တော်တိုင်အားဖြင့်လည်း လူ့သားကိုဘုန်းတော်ထင်ရှားစေတော်မူ၍ ထိုဘုန်းတော်ကို ချက်ချင်းထင်ရှားစေတော်မူလိမ့်မည်။
33 ချစ်သားတို့၊ ငါသည် သင်တို့နှင့်အတူ ခဏတာမျှသာ နေရတော့မည်။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ သို့ရာတွင် ‘ငါသွားရာအရပ်သို့ သင်တို့မလာနိုင်ကြ’ဟု ဂျူးလူမျိုးတို့အား ငါပြောသကဲ့သို့ ယခု သင်တို့ကိုလည်း ငါပြော၏။