34 ယေရှုက “သင်တို့အား ငါအမှန်အကန်ဆိုမည်။ အပြစ်ပြုသူတိုင်းသည် အပြစ်၏ကျွန်ဖြစ်၏။
35 ကျွန်သည် အိမ်၌ထာဝစဉ်နေထိုင်သည်မဟုတ်။ သားမူကား ထာဝစဉ်နေထိုင်၏။
36 ထို့ကြောင့် သားတော်သည် သင်တို့ကိုလွတ်မြောက်စေလျှင် သင်တို့သည် ဧကန်အမှန်လွတ်မြောက်ကြလိမ့်မည်။
37 သင်တို့သည် အာဗြဟံ၏အမျိုးအနွယ်ဖြစ်ကြောင်းကို ငါသိ၏။ သို့ရာတွင် ငါ၏တရားစကားသည် သင်တို့ထဲ၌နေရာမရသောကြောင့် သင်တို့သည် ငါ့ကိုသတ်ရန် ရှာကြံနေကြ၏။
38 ငါသည် ခမည်းတော်ထံ၌မြင်ရသောအရာများကို ဟောပြော၏။ သင်တို့မူကား သင်တို့၏အဖထံမှကြားခဲ့ရသောအရာများကို ပြုကြ၏”ဟု မိန့်တော်မူလျှင်
39 ထိုသူတို့က “အကျွန်ုပ်တို့၏အဖသည် အာဗြဟံဖြစ်သည်”ဟု ဆိုကြ၏။ ယေရှုကလည်း “သင်တို့သည် အာဗြဟံ၏သားသမီးများဖြစ်ကြသည်မှန်လျှင် အာဗြဟံပြုသောအမှုများကို ပြုကြလိမ့်မည်။
40 သို့သော် ယခုတွင် ဘုရားသခင်ထံမှကြားရသည့်သမ္မာတရားကို သင်တို့အားဟောပြောခဲ့သူငါ့ကို သတ်ရန် သင်တို့ရှာကြံနေကြ၏။ အာဗြဟံကား ဤသို့ပြုခဲ့သည်မဟုတ်။