ရှင်​လု​ကာ​ခ​ရစ်​ဝင် 6:39-45 MSB

39 ထို့​နောက် သူ​တို့​အား​ပုံ​ဥ​ပ​မာ​တစ်​ခု မြွက်​ဆို​တော်​မူ​သည်​မှာ “မျက်​မ​မြင်​သည် မျက်​မ​မြင်​ကို လမ်း​ပြ​နိုင်​သ​လော။ နှစ်​ဦး​စ​လုံး​တွင်း​ထဲ​သို့​ကျ​ကြ​လိမ့်​မည်​မ​ဟုတ်​လော။

40 တ​ပည့်​သည် ဆ​ရာ​ထက် မြတ်​သည်​မ​ဟုတ်။ သို့​သော် ပြည့်​စုံ​စွာ​သင်​ယူ​တတ်​မြောက်​သော​သူ​တိုင်း​သည် မိ​မိ​ဆ​ရာ​ကဲ့​သို့​ဖြစ်​လိမ့်​မည်။

41 သင်​သည် မိ​မိ​မျက်​စိ​၌​ရှိ​သော​သစ်​တုံး​ကို သ​တိ​မ​မူ​ဘဲ သင့်​ညီ​အစ်​ကို​၏​မျက်​စိ​၌​ရှိ​သော​သစ်​အ​မှုန်​အ​စ​ကို အ​ဘယ်​ကြောင့်​မြင်​သ​နည်း။

42 သင်​သည် မိ​မိ​မျက်​စိ​ထဲ​မှ သစ်​တုံး​ကို​မ​မြင်​ဘဲ ‘ညီ​အစ်​ကို၊ သင်​၏​မျက်​စိ​ထဲ​မှ သစ်​အ​မှုန်​အ​စ​ကို ထုတ်​ပေး​ပါ​ရ​စေ’​ဟု သင့်​ညီ​အစ်​ကို​အား မည်​သို့​ပြော​နိုင်​မည်​နည်း။ သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ၊ သင်​၏​မျက်​စိ​ထဲ​မှ သစ်​တုံး​ကို ဦး​စွာ​ထုတ်​ပစ်​လော့။ ထို​အ​ခါ သင့်​ညီ​အစ်​ကို​၏​မျက်​စိ​ထဲ​မှ သစ်​အ​မှုန်​အ​စ​ကို​ထုတ်​ပစ်​ရန် ရှင်း​လင်း​စွာ​မြင်​ရ​လိမ့်​မည်။

43 မ​ကောင်း​သော​အ​သီး​ကို​သီး​သော ကောင်း​သည့်​အ​ပင်​မ​ရှိ။ ကောင်း​သော​အ​သီး​ကို​သီး​သော မ​ကောင်း​သည့်​အ​ပင်​လည်း​မ​ရှိ။

44 အ​ပင်​တိုင်း​ကို ၎င်း​၏​အ​သီး​အား​ဖြင့် သိ​ရ​၏။ အ​ကြောင်း​မူ​ကား ဆူး​ပင်​မှ သ​ဖန်း​သီး​ကို​ဆွတ်​ခူး​၍​မ​ရ​နိုင်။ ချုံ​ပုတ်​မှ​လည်း စ​ပျစ်​သီး​ကို​မ​စု​သိမ်း​နိုင်။

45 ကောင်း​သော​သူ​သည် ကောင်း​သော​အ​ရာ​ကို ကောင်း​သော​စိတ်​နှ​လုံး​ဘဏ္ဍာ​တိုက်​ထဲ​မှ ထုတ်​ဖော်​တတ်​၏။ မ​ကောင်း​သော​သူ​သည်​လည်း မ​ကောင်း​သော​အ​ရာ​ကို မ​ကောင်း​သော​စိတ်​နှ​လုံး​ဘဏ္ဍာ​တိုက်​ထဲ​မှ ထုတ်​ဖော်​တတ်​၏။ အ​ကြောင်း​မူ​ကား စိတ်​နှ​လုံး​၌​ပြည့်​လျှံ​နေ​သည့်​အ​ရာ​ကို နှုတ်​က​ပြော​ဆို​တတ်​၏။