ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 11:37-40 MSB

37 သူ​တို့​သည် ခဲ​နှင့်​ပေါက်​သတ်​ခြင်း၊ လွှ​နှင့်​ပိုင်း​ဖြတ်​ခြင်း၊ ဓား​နှင့်​ခုတ်​သတ်​ခြင်း​တို့​ကို​ခံ​ကြ​ရ​၍ ဆင်း​ရဲ​နွမ်း​ပါး​လျက် နှိပ်​စက်​ခြင်း၊ မ​တ​ရား​ပြု​မူ​ဆက်​ဆံ​ခြင်း​တို့​ကို​ခံ​ရ​လျက် သိုး​သား​ရေ၊ ဆိတ်​သား​ရေ​တို့​ကို​ဝတ်​လျက် လှည့်​လှည်​ကြ​ရ​၏။

38 ဤ​လော​က​သည် ထို​သူ​တို့​နှင့်​မ​ထိုက်​တန်​ချေ။ သူ​တို့​သည် တော​ကန္တာ​ရ​များ၊ တောင်​တန်း​များ၊ လိုဏ်​ဂူ​များ​နှင့် မြေ​တွင်း​များ​တွင် လှည့်​လည်​နေ​ထိုင်​ကြ​ရ​၏။

39 ဤ​သူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် ချီး​ကျူး​ခံ​ရ​ကြ​သော်​လည်း က​တိ​ပေး​တော်​မူ​သော​အ​ရာ​ကို မ​ရ​ရှိ​ခဲ့​ကြ​ချေ။

40 ဘု​ရား​သ​ခင်​သည် ငါ​တို့​အ​တွက် သာ​၍​မြတ်​သော​အ​ရာ​ကို ကြို​တင်​ပြင်​ဆင်​ပေး​တော်​မူ​သည်​ဖြစ်​၍ သူ​တို့​သည် ငါ​တို့​မ​ပါ​ဘဲ စုံ​လင်​ခြင်း​သို့​မ​ရောက်​နိုင်​ရာ။