4 သင်တို့သည် အပြစ်နှင့်တိုက်ခိုက်ရာတွင် သွေးမြေကျသည့်တိုင်အောင် ခုခံတွန်းလှန်ခြင်းကိုမပြုရကြသေး။
5 ထို့ပြင် “ငါ့သား၊ ထာဝရဘုရား၏ဆုံးမပဲ့ပြင်တော်မူခြင်းကို အလေးမထားဘဲမနေနှင့်။ ကိုယ်တော်၏ဆိုဆုံးမခြင်းကိုခံရသောအခါ စိတ်မပျက်နှင့်။
6 အကြောင်းမူကား ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမပဲ့ပြင်တတ်၏။ လက်ခံတော်မူသမျှသောသားတို့ကို ဒဏ်ခတ်ရိုက်နှက်တတ်၏”ဟု သားကိုမိန့်တော်မူသကဲ့သို့ သင်တို့အားမိန့်တော်မူသော တိုက်တွန်းအားပေးစကားကို သင်တို့မေ့လျော့ကြပြီ။
7 ဘုရားသခင်သည် သင်တို့ကို သားကဲ့သို့ ပြုမူဆက်ဆံတော်မူသည်ဖြစ်၍ သင်တို့သည် ဆုံးမပဲ့ပြင်တော်မူခြင်းကို သည်းခံကြရမည်။ အကြောင်းမူကား ဖခင်မဆုံးမ မပဲ့ပြင်သောသားဟူ၍ရှိသလော။
8 လူတိုင်းခံရသောဆုံးမပဲ့ပြင်ခြင်းကို သင်တို့မခံရဘဲနေလျှင် သင်တို့သည် သားအရင်းမဟုတ်။ တရားမဝင်သောသားများသာဖြစ်ကြ၏။
9 ထို့ပြင် ငါတို့တွင် ဆုံးမပဲ့ပြင်ပေးသောလူသားဖခင်ရှိ၍ သူတို့ကို ငါတို့ရိုသေလေးစားကြသည်ဆိုလျှင် ဝိညာဉ်ရေးဆိုင်ရာဖခင်ကို ပို၍ပင် နာခံရမည်မဟုတ်လော။ ထိုအခါ ငါတို့သည် အသက်ချမ်းသာရာရကြလိမ့်မည်။
10 အကြောင်းမူကား လူသားဖခင်တို့သည် ကောင်းသည်ဟု မိမိတို့ထင်မြင်သည့်အတိုင်း ခဏသာဆုံးမပဲ့ပြင်တတ်ကြ၏။ ဝိညာဉ်ရေးဆိုင်ရာဖခင်မူကား သူ၏သန့်ရှင်းခြင်း၌ ငါတို့ပါဝင်ခံစားရမည့်အကြောင်း ငါတို့အကျိုးကိုထောက်၍ ဆုံးမပဲ့ပြင်တော်မူ၏။