တမန်တော်ဝတ္ထု 21:8-14 BCL

8 နောက်​တစ်​နေ့​၌​ထွက်​ခွာ​ပြန်​ရာ​ကဲ​သ​ရိ​မြို့ သို့​ရောက်​ကြ​၏။ ကျွန်ုပ်​တို့​သည်​ဧ​ဝံ​ဂေ​လိ တ​ရား​ဟော​ဆ​ရာ​ဖိ​လိပ္ပု​၏​အိမ်​တွင်​တည်း ခို​ကြ​၏။ ဖိ​လိပ္ပု​ကား​တ​ပည့်​တော်​များ​ကို ကူ​ညီ​ရန် ယေ​ရု​ရှ​လင်​မြို့​အ​သင်း​တော်​က ရွေး​ချယ်​သော​လူ​ခု​နစ်​ဦး​တို့​တွင်​တစ်​ဦး ဖြစ်​၏။-

9 သူ့​မှာ​အိမ်​ထောင်​မ​ကျ​သေး​သော​သ​မီး​လေး ယောက်​ရှိ​၏။ ထို​သ​မီး​တို့​သည်​ဘု​ရား​သ​ခင် ၏​တ​ရား​တော်​ကို​ဟော​ပြော​ကြေ​ညာ​သူ များ​ဖြစ်​ကြ​၏။-

10 ထို​အိမ်​တွင်​ကျွန်ုပ်​တို့​တည်း​ခို​၍​ရက်​အ​တော် အ​တန်​ကြာ​သော​အ​ခါ အာ​ဂ​ဗု​နာ​မည်​ရှိ သော​ပ​ရော​ဖက်​သည်​ယု​ဒ​ပြည်​မှ​ရောက်​ရှိ လာ​၏။-

11 သူ​သည်​ကျွန်ုပ်​တို့​ထံ​သို့​လာ​၍​ပေါ​လု​၏​ခါး​ပန်း ကို​ယူ​ပြီး​လျှင် မိ​မိ​၏​ခြေ​နှင့်​လက်​တို့​ကို​ချည် နှောင်​လေ​၏။ ထို​နောက် ``ဤ​ခါး​ပန်း​ပိုင်​ရှင်​အား ယု​ဒ​အ​မျိုး​သား​တို့​က​ယေ​ရု​ရှ​လင်​မြို့​တွင် ဤ​သို့​ချည်​နှောင်​၍ လူ​မျိုး​ခြား​တို့​၏​လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်​ဟု​သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​မိန့်​တော်​မူ​သည်'' ဟု​ဆို​လေ​၏။

12 ထို​စ​ကား​ကို​ကြား​လျှင်​ကျွန်ုပ်​တို့​နှင့်​ထို​အ​ရပ် ရှိ​လူ​တို့​က ``ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​အောင် ဆက်​၍​မ​သွား​ပါ​နှင့်'' ဟု​ပေါ​လု​အား​တောင်း ပန်​ကြ​၏။-

13 ထို​အ​ခါ​ပေါ​လု​က ``သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​သို့​ငို​ယို​ကာ ငါ​၏​စိတ်​နှ​လုံး​ကို​ကြေ​ကွဲ​စေ ကြ​ပါ​သ​နည်း။ ငါ​သည်​သ​ခင်​ယေ​ရှု​၏​နာ​မ တော်​အ​တွက် ယေ​ရု​ရှ​လင်​မြို့​တွင်​အ​ချည်​နှောင် ခံ​ရန်​သာ​မ​က​အ​သေ​ခံ​ရန်​ပင်​အ​သင့်​ရှိ​ပါ သည်'' ဟု​ပြန်​ပြော​၏။

14 ပေါ​လု​အား​တောင်း​ပန်​၍​မ​ရ​သော​အ​ခါ ကျွန်ုပ် တို့​သည် ``သ​ခင်​ဘု​ရား​၏​အ​လို​တော်​အ​တိုင်း ပင်​ဖြစ်​ပါ​စေ​သော'' ဟု​ဆို​ကာ​လက်​လျှော့​လိုက် ကြ​၏။