11 သူသည်ယခင်ကသင့်အတွက်အသုံးမဝင်ခဲ့ သော်လည်း ယခုအခါသင်၏အတွက်နှင့်ငါ၏ အတွက်ပါအသုံးဝင်လာလေပြီ။-
12 ငါသည်ငါ၏ရင်သွေးကိုသင်၏ထံသို့ပြန်၍ စေလွှတ်လိုက်ပါ၏။-
13 ငါသည်သတင်းကောင်းကိုဟောပြောကြေညာ မှုကြောင့် အကျဉ်းခံလျက်နေရစဉ်အခါတွင် သင်၏ကိုယ်စားငါ့အားကူညီစေရန်သူ့ကို ခေါ်ထားလိုပါသည်။-
14 သို့ရာတွင်သင်၏သဘောတူညီချက်မရရှိ ဘဲအဘယ်အမှုကိုမျှငါမပြုလိုပါ။ ငါ့ကို ကူညီမစစေရန်သင့်အားအနိုင်အထက် မပြုလိုပါ။ သင်၏စေတနာအလျောက်သာ လျှင်မစစေလိုပါ၏။
15 သြနေသိမ်သည်သင်နှင့်အစဉ်ပြန်လည်နေထိုင် နိုင်ရန် သင်နှင့်ခေတ္တမျှခွဲခွာရခြင်းဖြစ်တန်ရာ၏။-
16 ယခုအခါသူသည်ကျွန်မျှသာမဟုတ်တော့ဘဲ ခရစ်တော်၌ချစ်သောညီအစ်ကိုဖြစ်လာပေပြီ။ သူသည်ငါ၏အတွက်အလွန်တန်ဖိုးရှိပေသည်။ သို့ရာတွင်သင်၏အတွက်ကျွန်အနေနှင့်လည်း ကောင်း၊ သခင်ဘုရား၌ညီအစ်ကိုအနေနှင့် လည်းကောင်းများစွာပို၍ပင်တန်ဖိုးရှိမည်။
17 သို့ဖြစ်၍သင်သည်ငါ့အားမိမိ၏လုပ်ဖော် ဆောင်ဘက်အနေဖြင့် ကြိုဆိုလက်ခံသကဲ့ သို့သူ့အားကြိုဆိုလက်ခံပါလော့။-