4 သို့သော်သင်သည်အစကကဲ့သို့ယခုအခါ ၌ ငါ့ကိုမချစ်တော့သဖြင့်သင့်အားအပြစ် ဆိုစရာရှိ၏။-
5 သို့ဖြစ်၍သင်သည်အဘယ်မျှလောက်ကျဆင်း လာသည်ကိုဆင်ခြင်လော့။ နောင်တရ၍အစ ကပြုကျင့်ခဲ့သည့်အတိုင်းပြုကျင့်လော့။ သို့ မပြုပါမူသင်ရှိရာသို့ငါလာခဲ့မည်။ သင် နောင်တမရလျှင်သင်၏မီးခွက်ကိုနေရာမှ ငါဖယ်ရှားပစ်မည်။-
6 သို့ရာတွင်နိကောလ၏တပည့်တို့ကျင့်ကြံပုံ ကို ငါမုန်းသကဲ့သို့သင်လည်းမုန်းသဖြင့်သင့် အားချီးမွမ်းစရာရှိ၏။
7 ``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိ သူတို့ကြားပါစေ။``အောင်မြင်သောသူအားဘုရားသခင်၏ဥယျာဉ် တော်ရှိအသက်ပင်၏အသီးကိုစားခွင့်ငါ ပေးမည်။
8 စမုရနမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။``ဤသြဝါဒသည်အစနှင့်အဆုံးဖြစ်သူ၊ သေပြီးမှအသက်ပြန်၍ရှင်လာသူ၏ထံမှ ဖြစ်သည်။-
9 သင်သည်အဘယ်မျှဆင်းရဲ၍အဘယ်မျှဒုက္ခ ရောက်သည်ကိုငါသိ၏။ သို့ရာတွင်အမှန်စင်စစ် သင်သည်ကြွယ်ဝသူဖြစ်၏။ မိမိတို့ကိုယ်ကို ဟေဗြဲအမျိုးသားများဟုဆိုကြသောသူတို့ သည်သင့်အားအသရေပျက်စေသည့်စကား များကိုပြောဆိုကြကြောင်းငါသိ၏။ သူတို့ သည်စင်စစ်အားဖြင့်ဟေဗြဲအမျိုးသားများ မဟုတ်။ စာတန်၏အဖွဲ့ဝင်များဖြစ်ကြ၏။-
10 သင်ခံရမည့်ဆင်းရဲဒုက္ခများအတွက်မစိုး ရိမ်နှင့်။ စာတန်သည်သင်တို့အချို့ကိုထောင်ထဲ ၌အကျဉ်းချထားခြင်းအားဖြင့်စစ်ဆေးလိမ့် မည်။ သင်သည်ဆယ်ရက်တိုင်တိုင်ဒုက္ခခံရလိမ့်မည်။ သေသည်တိုင်အောင်သစ္စာစောင့်လော့။ သို့မှသာ သင့်အားအသက်သရဖူကိုငါပေးမည်။