ဗျာ​ဒိတ် 20:12-15 BCL

12 သေ​လွန်​သူ​အ​ကြီး​အ​ငယ်​တို့​သည်​ပလ္လင် တော်​ရှေ့​၌​ရပ်​လျက်​နေ​ကြ​သည်​ကို​လည်း ကောင်း၊ စာ​စောင်​များ​ကို​ဖွင့်​သည်​ကို​လည်း ကောင်း​ငါ​မြင်​ရ​၏။ ထို​နောက်​အ​သက်​စာ စောင်​တည်း​ဟူ​သော​အ​ခြား​စာ​စောင်​ကို ဖွင့်​လိုက်​၏။ သေ​လွန်​သူ​တို့​သည်​ထို​စာ စောင်​များ​တွင်​မှတ်​တမ်း​တင်​ထား​သည့် မိ​မိ​တို့​အ​ကျင့်​များ​နှင့်​အ​ညီ​တ​ရား စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ​၏။-

13 သ​မုဒ္ဒ​ရာ​သည်​မိ​မိ​၌​ရှိ​သော​သေ​သူ​တို့​ကို ပေး​အပ်​ကြ​၏။ သေ​မင်း​နှင့်​မ​ရ​ဏာ​နိုင်​ငံ သည်​လည်း မိ​မိ​တို့​၌​ရှိ​သော​သေ​သူ​တို့​ကို ပေး​အပ်​ကြ​၏။ လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့ အ​ကျင့်​အ​လျောက်​တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​၏။-

14 ထို​နောက်​သေ​မင်း​နှင့်​မ​ရ​ဏာ​နိုင်​ငံ​သည် မီး အိုင်​ထဲ​သို့​ပစ်​ချ​ခြင်း​ကို​ခံ​ရ​ကြ​၏။-

15 (ထို​မီး​အိုင်​ကား​ဒု​တိ​ယ​သေ​ခြင်း​တည်း။) အ​သက် စာ​စောင်​တွင်​စာ​ရင်း​မ​ဝင်​သူ​ရှိ​သ​မျှ​တို့​သည် မီး​အိုင်​ထဲ​သို့​ပစ်​ချ​ခြင်း​ကို​ခံ​ရ​ကြ​၏။