မဿဲ 12:5-11 BCL

5 ထို​မှ​တစ်​ပါး​ဗိ​မာန်​တော်​တွင်​ယဇ်​ပု​ရော​ဟိတ် တို့​သည် ဥ​ပုသ်​နေ့​ဆိုင်​ရာ​ပ​ညတ်​ကို​ချိုး​ဖောက် သော်​လည်း​အ​ပြစ်​မ​သင့်​ကြောင်း မော​ရှေ​၏ ပ​ညတ်​ကျမ်း​တွင်​မ​ဖတ်​ဖူး​ကြ​ပါ​သ​လော။-

6 ဤ​အ​ရပ်​တွင်​ဗိ​မာန်​တော်​ထက်​ကြီး​မြတ်​သော အ​ရာ​ရှိ​၏​ဟု​သင်​တို့​အား​ငါ​ဆို​၏။-

7 `ငါ​သည်​သ​နား​ကြင်​နာ​ခြင်း​ကို​ယဇ်​ပူ​ဇော်​ခြင်း ထက်​ပို​၍​နှစ်​သက်​၏' ဟု​ကျမ်း​စ​ကား​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​နား​လည်​ပါ​မူ သင်​တို့​သည်​အ​ပြစ် မ​ရှိ​သူ​များ​ကို​ပြစ်​တင်​ရှုတ်​ချ​ကြ​လိမ့်​မည် မ​ဟုတ်။-

8 လူ​သား​သည်​ဥ​ပုသ်​နေ့​၏​အ​ရှင်​ဖြစ်​သည်'' ဟု မိန့်​တော်​မူ​၏။

9 ကိုယ်​တော်​သည်​ထို​အ​ရပ်​မှ​ကြွ​တော်​မူ​၍ တ​ရား​ဇ​ရပ်​တစ်​ခု​သို့​ဝင်​တော်​မူ​၏။-

10 တ​ရား​ဇ​ရပ်​ထဲ​တွင်​လက်​တစ်​ဖက်​သေ​သူ​လူ တစ်​ယောက်​ရှိ​၏။ လူ​အ​ချို့​တို့​သည်​ကိုယ်​တော်​ကို ပြစ်​တင်​စွပ်​စွဲ​လို​၍ ``ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ ပျောက်​ကင်း​စေ​အပ်​ပါ​သ​လော'' ဟု​မေး​လျှောက် ကြ​၏။

11 ကိုယ်​တော်​က ``အ​ကယ်​၍​သင်​တို့​၏​သိုး​တစ်​ကောင် သည်​ဥ​ပုသ်​နေ့​၌​တွင်း​ထဲ​သို့​ကျ​သည်​ရှိ​သော် ထို သိုး​ကို​မ​ဆွဲ​မ​တင်​ဘဲ​နေ​မည့်​သူ​သင်​တို့​တွင် ရှိ​ပါ​သ​လော။-