14 ယောသပ်သည်ထ၍သူငယ်တော်နှင့်မယ်တော်တို့ ကိုခေါ်ဆောင်ကာညဥ့်အခါ အီဂျစ်ပြည်သို့ထွက် ခွာသွားပြီးလျှင်ဟေရုဒ်မင်းကွယ်လွန်သည်တိုင် အောင်ထိုပြည်တွင်နေ၏။
15 ဤအမှုအရာကား ``ငါ့သားကိုအီဂျစ်ပြည်မှ ခေါ်ခဲ့၏'' ဟူ၍ပရောဖက်အားဖြင့်မိန့်ကြားတော် မူသောထာဝရဘုရား၏ဗျာဒိတ်တော်အတိုင်း ဖြစ်ပျက်ခြင်းပင်ဖြစ်သတည်း။
16 ဟေရုဒ်မင်းသည်မိမိအားပညာရှိတို့လှည့်စား သွားကြကြောင်းကိုသိလျှင် ပြင်းစွာအမျက်ထွက် လေ၏။ သို့ဖြစ်၍ထိုသူတို့ထံမှစုံစမ်းသိရှိရ သည့်အတိုင်းကြယ်ပေါ်ထွန်းရာအချိန်ကာလ ကိုထောက်လျက် ဗက်လင်မြို့နှင့်အနီးပတ်ဝန်းကျင် ကျေးရွာများရှိနှစ်နှစ်အရွယ်နှင့်နှစ်နှစ်အောက် သူငယ်အပေါင်းတို့ကိုသတ်စေ၏။
17-18 ဤသို့လျှင်၊``ရာမအရပ်တွင်လွန်စွာဝမ်းနည်းပူဆွေး ငိုကြွေးမြည်တမ်းသံကိုကြားရ၏။ရာခေလသည်မိမိ၏ကလေးများအတွက် ငိုယို၍နေ၏။ကလေးတို့သေကြပြီးဖြစ်၍သူ့အား နှစ်သိမ့်၍မရနိုင်''ဟူသောပရောဖက်ယေရမိ၏စကားသည်မှန် ၍လာတော့၏။
19 ဟေရုဒ်မင်းကွယ်လွန်ပြီးနောက်အီဂျစ်ပြည်တွင် ယောသပ်သည်ထာဝရဘုရား၏ကောင်းကင် တမန်တစ်ပါးကိုအိပ်မက်မြင်မက်၏။-
20 ကောင်းကင်တမန်က ``သင်သည်ထ၍သူငယ်တော် နှင့်မယ်တော်ကိုခေါ်ဆောင်ကာဣသရေလပြည်သို့ ပြန်သွားလော့။ သူငယ်တော်ကိုသတ်လိုသူတို့သည် သေလွန်ကြလေပြီ'' ဟုဆို၏။-
21 ယောသပ်သည်ထ၍သူငယ်တော်နှင့်မယ်တော်ကို ဆောင်ယူကာ ဣသရေလပြည်သို့ပြန်သွားလေ၏။