မဿဲ 21:22-28 BCL

22 သင်​တို့​သည်​ယုံ​ကြည်​ခြင်း​ဖြင့်​တောင်း​လျှောက် လျှင်​တောင်း​လျှောက်​သ​မျှ​တို့​ကို​ရ​ရှိ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

23 ကိုယ်​တော်​သည်​ဗိ​မာန်​တော်​သို့​ပြန်​လည်​ကြွ​လာ တော်​မူ​၍​ဟော​ပြော​သွန်​သင်​တော်​မူ​စဉ်​ယဇ်​ပု​ရော ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​ပြီး​လျှင် ``အ​ရှင်​သည် ဤ​အ​မှု​အ​ရာ​များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​နှင့် ပြု​တော်​မူ​ပါ​သ​နည်း။ ထို​အ​ခွင့်​အာ​ဏာ​ကို​အ​ရှင့် အား​အ​ဘယ်​သူ​ပေး​အပ်​ပါ​သ​နည်း'' ဟု​မေး လျှောက်​ကြ​၏။

24 သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​မေး​ခွန်း​တစ်​ခု​ကို ငါ​မေး​မည်။ ထို​မေး​ခွန်း​ကို​သင်​တို့​ဖြေ​ကြား​ကြ ပါ​လျှင် ဤ​အ​မှု​အ​ရာ​များ​ကို​အ​ဘယ်​အ​ခွင့် အာ​ဏာ​နှင့်​ငါ​ပြု​သည်​ကို​ငါ​ပြော​မည်။-

25 ယော​ဟန်​ဗတ္တိ​ဇံ​မင်္ဂလာ​ပေး​သည်​မှာ​ဘု​ရား​သ​ခင်​၏ အ​ခွင့်​အာ​ဏာ​နှင့်​ပေး​သ​လော။ လူ​တို့​၏​အ​ခွင့် အာ​ဏာ​နှင့်​ပေး​သ​လော'' ဟု​မေး​တော်​မူ​၏။သူ​တို့​သည် ``အ​ကယ်​၍​ဘု​ရား​သ​ခင်​၏​အ​ခွင့် အာ​ဏာ​နှင့်​ပေး​သည်​ဟု​ငါ​တို့​ဆို​လျှင်​ယော​ဟန် ကို​သင်​တို့​အ​ဘယ်​ကြောင့်​မ​ယုံ​ကြည်​ကြ သ​နည်း​ဟု​မေး​လိမ့်​မည်။-

26 သို့​ရာ​တွင်​လူ​တို့​၏​အ​ခွင့်​အာ​ဏာ​နှင့်​ပေး​သည် ဟု​ဆို​ရ​မည်​မှာ​လည်း​လူ​အ​ပေါင်း​တို့​သည်​ယော​ဟန် ကို ပ​ရော​ဖက်​တစ်​ပါး​ဟု​ယုံ​ကြည်​ကြ​သ​ဖြင့်​လူ ပ​ရိ​သတ်​ကို​ငါ​တို့​ကြောက်​ရ​၏'' ဟု​အ​ချင်း​ချင်း ဆွေး​နွေး​ကြ​၏။-

27 သို့​ဖြစ်​၍​သူ​တို့​က ``အ​ကျွန်ုပ်​တို့​မ​သိ​ပါ'' ဟု ပြန်​လည်​လျှောက်​ထား​ကြ​၏။ထို​အ​ခါ​ကိုယ်​တော်​က ``ငါ​ပြု​သည့်​အ​မှု​အ​ရာ များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​နှင့်​ပြု​သည်​ကို လည်း​သင်​တို့​အား​ငါ​မ​ပြော'' ဟု​မိန့်​တော်​မူ​၏။

28 ထို​နောက်​ကိုယ်​တော်​က ``သင်​တို့​သည်​အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း။ လူ​တစ်​ယောက်​မှာ​သား​နှစ် ယောက်​ရှိ​၏။ သူ​သည်​သား​ကြီး​ထံ​သို့​သွား​ပြီး လျှင်`ငါ့​သား၊ ယ​နေ့​စ​ပျစ်​ဥ​ယျာဉ်​သို့​သွား​၍ လုပ်​ဆောင်​ပါ​လော့' ဟု​ဆို​၏။-