ရှင်မာကု 16:10-16 BCL

10 သူသည်ကိုယ်တော်၏တပည့်များထံသို့သွား၍ ထိုသတင်းကိုပြောကြား၏။ သူတို့သည်ငိုယို ပူဆွေးလျက်နေကြ၏။-

11 ကိုယ်တော်အသက်ရှင်လျက်ရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်အားမာရိတွေ့မြင်ခဲ့ ရကြောင်းကိုလည်းကောင်း၊ ကြားသောအခါ မယုံကြ။

12 ထိုနောက်တပည့်တော်နှစ်ယောက်သည်ကျေးတောသို့ သွားကြစဉ် ကိုယ်တော်သည်ခြားနားသောအသွင် ကိုဆောင်လျက်သူတို့အားကိုယ်ထင်ပြတော်မူ၏။-

13 သူတို့သည်အခြားတပည့်တော်များထံသို့ သွား၍ ထိုသတင်းကိုပြောကြား၏။ သို့ရာ တွင်သူတို့သည်မယုံကြ။

14 ထိုနောက်တစ်ကျိပ်တစ်ပါးသောတမန်တော်တို့သည် စားပွဲမှာထိုင်၍စားသောက်နေကြစဉ် ကိုယ်တော် သည်သူတို့ကိုကိုယ်ထင်ပြတော်မူ၏။ သူတို့တွင် ယုံကြည်ြခင်းမရှိသြဖင့်လည်းကောင်း၊ ကိုယ်တော် သြေခင်းမှရှင်ပြန်ထမြောက်တော်မူပြီးနောက် ကိုယ်တော်အားဖူးတွေ့ရသူတို့၏စကားကို မယုံနိုင်သည်တိုင်အောင် သူတို့သည်အပြော ရခက်သြဖင့်လည်းကောင်း ကိုယ်တော်သည် သူတို့အားပြစ်တင်ဆုံးမတော်မူ၏။-

15 ကိုယ်တော်က``သင်တို့သည်ကမ္ဘာအရပ်ရပ်သို့ သွား၍ လူသတ္တဝါအပေါင်းတို့အားသတင်း ကောင်းကိုဟောပြောကြေညာကြလော့။-

16 ယုံကြည်၍ဗတ္တိဇံမင်္ဂလာခံယူသူမှန်သမျှ ကို ဘုရားသခင်သည်ကယ်တင်တော်မူလိမ့်မည်။ မယုံကြည်သူမှန်သမျှကိုမူအြုပစ်ဒဏ်စီရင် တော်မူလိမ့်မည်။-