ရှင်မာကု 9:28-34 BCL

28 ကိုယ်​တော်​သည်​အိမ်​သို့​ပြန်​ရောက်​၍​တစ်​ကိုယ်​တည်း ရှိ​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​တို့​က ``အ​ကျွန်ုပ် တို့​သည်​ထို​နတ်​ကို​အ​ဘယ်​ကြောင့်​နှင်​ထုတ်​၍ မ​ရ​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။

29 ကိုယ်​တော်​က ``ဆု​တောင်း​ခြင်း​မှ​တစ်​ပါး အ​ခြား အ​ဘယ်​နည်း​နှင့်​မျှ​ဤ​နတ်​မျိုး​ကို​နှင်​ထုတ်​၍ မ​ရ'' ဟု​မိန့်​တော်​မူ​၏။

30 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ထို​အ​ရပ်​မှ ထွက်​ခွာ​ကြ​ပြီး​လျှင် ဂါ​လိ​လဲ​ပြည်​ကို​ဖြတ် သွား​ကြ​၏။ ယင်း​သို့​ဖြတ်​သွား​ကြောင်း​ကို​ကိုယ် တော်​သည်​မည်​သူ့​အား​မျှ​သိ​စေ​တော်​မ​မူ​လို။-

31 အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ``လူ​တို့ ၏​လက်​တွင်း​သို့​လူ​သား​ကို​အပ်​နှံ​ကြ​လိမ့်​မည်။ သူ့​ကို​သတ်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သုံး​ရက်​ကြာ သော်​သူ​သည်​သေ​ခြင်း​မှ​ထ​မြောက်​လိမ့်​မည်'' ဟု တ​ပည့်​တော်​တို့​အား​သွန်​သင်​တော်​မူ​လျက်​ရှိ သော​ကြောင့်​ဖြစ်​၏။-

32 တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​တော်​ကို နား​မ​လည်​ကြ။ သို့​ရာ​တွင်​ကိုယ်​တော်​အား​မ​မေး မ​လျှောက်​ဝံ့​ကြ။

33 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​က​ပေ​ရ နောင်​မြို့​သို့​ရောက်​ကြ​၏။ အိမ်​ထဲ​သို့​ဝင်​ပြီး နောက် ကိုယ်​တော်​က ``သင်​တို့​သည်​လမ်း​တွင် အ​ဘယ်​အ​ကြောင်း​အ​ရာ​များ​ကို​ဆွေး​နွေး ကြ​သ​နည်း'' ဟု​တ​ပည့်​တို့​အား​မေး​တော်​မူ​၏။-

34 သူ​တို့​သည်​ဆိတ်​ဆိတ်​နေ​ကြ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​မိ​မိ​တို့​အ​နက် အ​ဘယ်​သူ​သည်​အ​ကြီး မြတ်​ဆုံး​ဖြစ်​သည်​ကို​လမ်း​တွင်​ဆွေး​နွေး​ငြင်း​ခုံ ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။-