ရှင်ယောဟန် 13:8-14 BCL

8 ပေ​တ​ရု​က ``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​ခြေ ကို​အ​ဘယ်​အ​ခါ​မျှ​မ​ဆေး​ရ'' ဟု​ဆို​၏။သ​ခင်​ယေ​ရှု​က ``သင့်​ခြေ​ကို​ငါ​မ​ဆေး​ရ လျှင် သင်​သည်​ငါ​၏​တ​ပည့်​မ​ဟုတ်​တော့​ပြီ'' ဟု​မိန့်​တော်​မူ​၏။

9 ပေ​တ​ရု​က ``သ​ခင်၊ အ​ကျွန်ုပ်​၏​ခြေ​ကို သာ​မ​က​လက်​နှင့်​ဦး​ခေါင်း​ကို​လည်း​ဆေး တော်​မူ​ပါ'' ဟု​လျှောက်​၏။

10 သ​ခင်​ယေ​ရှု​က ``ရေ​ချိုး​ပြီး​သူ​သည်​တစ်​ကိုယ် လုံး​စင်​ကြယ်​ပြီး​ဖြစ်​၍​ခြေ​ကို​သာ​ဆေး​ရန် လို​၏။ သင်​တို့​သည်​စင်​ကြယ်​ပြီး​ဖြစ်​၏။ သို့​ရာ တွင်​လူ​တိုင်း​စင်​ကြယ်​သည်​မ​ဟုတ်'' ဟု​မိန့် တော်​မူ​၏။-

11 (မိ​မိ​အား​ရန်​သူ့​လက်​သို့​အပ်​နှံ​မည့်​သူ​ကို​သိ တော်​မူ​သော​ကြောင့် ကိုယ်​တော်​က​လူ​တိုင်း​စင် ကြယ်​သည်​မ​ဟုတ်​ဟု​မိန့်​တော်​မူ​သ​တည်း။)

12 ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​၏​ခြေ​ကို​ဆေး ပြီး​နောက် ဝတ်​လုံ​တော်​ကို​ပြန်​၍​ဝတ်​ပြီး​လျှင် ထိုင်​တော်​မူ​၏။ ကိုယ်​တော်​က ``သင်​တို့​အ​တွက် ငါ​ပြု​ခဲ့​သော​အ​မှု​အ​ရာ​ကို​နား​လည်​ကြ သ​လော။-

13 သင်​တို့​သည်​ငါ့​ကို​ဆ​ရာ​တော်​ဟူ​၍​လည်း ကောင်း၊ အ​ရှင်​ဘု​ရား​ဟူ​၍​လည်း​ကောင်း​ခေါ် တတ်​ကြ​၏။ ဤ​အ​တိုင်း​လည်း​ဟုတ်​မှန်​သ​ဖြင့် သင်​တို့​ခေါ်​သည်​မှာ​လျောက်​ပတ်​ပေ​၏။-

14 ငါ​သည်​သင်​တို့​၏​ဆ​ရာ​တော်​ဖြစ်​၏။ အ​ရှင် ဘု​ရား​လည်း​ဖြစ်​၏။ သို့​ဖြစ်​ပါ​လျက်​သင်​တို့ ၏​ခြေ​ကို​ငါ​ဆေး​ပေး​ခဲ့​၏။ သို့​ဖြစ်​၍​သင်​တို့ သည်​လည်း​အ​ချင်း​ချင်း​တို့​၏​ခြေ​ကို​ဆေး ရ​မည်။-