1 ထိုအချိန်၌လူအချို့တို့သည်ကိုယ်တော် ၏ထံသို့လာ၍ ပိလတ်မင်းသတ်ဖြတ်လိုက် သည့်ဂါလိလဲအမျိုးသားများအကြောင်း ကိုလျှောက်ထားကြ၏။ ထိုသူတို့သည်ယဇ် ပူဇော်လျက်ရှိနေစဉ်သတ်ဖြတ်ခြင်းကို ခံခဲ့ရကြ၏။-
2 ကိုယ်တော်က ``ထိုလူစုသည်ယင်းသို့အသတ် ခံရသဖြင့်အခြားဂါလိလဲအမျိုးသား အပေါင်းတို့ထက်ပို၍ အပြစ်ကူးသူများ ဖြစ်သည်ဟုသင်တို့ထင်မှတ်ကြသလော။ သူ တို့ကားပို၍အပြစ်ကူးသူများမဟုတ် ဟုသင်တို့အားငါဆို၏။-
3 သို့ရာတွင်သင်တို့သည်လည်းနောင်တမရ ကြလျှင် ထိုသူတို့နည်းတူသေကျေပျက်စီး ရလိမ့်မည်။-
4 ရှိလောင်မျှော်စင်ပြိုကျသဖြင့် ပိ၍သေသူ လူတစ်ဆယ့်ရှစ်ယောက်တို့သည် အခြားယေရု ရှလင်မြို့သူမြို့သားများထက်ပို၍အပြစ် ကူးသူများဖြစ်သည်ဟု သင်တို့ထင်မှတ် ကြသလော။-
5 သူတို့ကားပို၍အပြစ်ကူးသူများမဟုတ် ဟုသင်တို့အားငါဆို၏။ သို့ရာတွင်သင်တို့ သည်လည်းနောင်တမရကြလျှင် ထိုသူတို့ နည်းတူသေကျေပျက်စီးရလိမ့်မည်'' ဟု မိန့်တော်မူ၏။