16 အာဗြဟံ၏သမီးဖြစ်သူဤအမျိုးသမီး သည် တစ်ဆယ့်ရှစ်နှစ်ပတ်လုံးစာတန်၏အနှောင် အဖွဲ့ကိုခံခဲ့ရ၏။ သူ့အားဥပုသ်နေ့၌ထို အနှောင်အဖွဲ့မှမလွှတ်အပ်သလော'' ဟုမိန့် တော်မူ၏။-
17 ဤသို့မိန့်တော်မူလိုက်သောအခါကိုယ်တော် ကိုရန်ဘက်ပြုသူများသည်အရှက်ရသွား ကြ၏။ လူပရိသတ်အပေါင်းတို့သည်ကား ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်ရာ များကြောင့်ရွှင်လန်းဝမ်းမြောက်ကြ၏။
18 သခင်ယေရှုက ``ဘုရားသခင်၏နိုင်ငံတော် သည်အဘယ်အရာနှင့်တူသနည်း။ အဘယ် အရာနှင့်နှိုင်းယှဉ်ရမည်နည်း။-
19 နိုင်ငံတော်သည်ဤဖြစ်ပျက်ပုံနှင့်တူ၏။ မုန် ညင်းစေ့ကိုလူတစ်ယောက်သည်ယူ၍မိမိ၏ ဥယျာဉ်တွင်စိုက်၏။ ထိုအစေ့မှအပင်ပေါက် ၍ကြီးမားလာသဖြင့် ထိုအပင်၏အကိုင်း အခက်များတွင်ငှက်များနားနေရကြ၏'' ဟုမိန့်တော်မူ၏။
20 တစ်ဖန်ကိုယ်တော်က ``ဘုရားသခင်၏နိုင်ငံ တော်ကိုအဘယ်အရာနှင့်နှိုင်းယှဉ်ရမည်နည်း။-
21 နိုင်ငံတော်သည်ဤဖြစ်ပျက်ပုံနှင့်တူ၏။ တဆေး ကိုအမျိုးသမီးတစ်ယောက်သည်ယူပြီးလျှင် မုန့်ညက်သုံးစိတ်တွင်ထည့်၍မုန့်ညက်အားလုံး ကိုဖောင်းကြွလာစေသည်'' ဟုမိန့်တော်မူ၏။
22 ကိုယ်တော်သည်ယေရုရှလင်မြို့သို့ခရီးပြု တော်မူရာလမ်းတွင်ဟောပြောသွန်သင်လျက် တစ်မြို့မှတစ်မြို့၊ တစ်ရွာမှတစ်ရွာကိုဖြတ် ၍ကြွတော်မူ၏။-