28 ဤအမှုအရာများဖြစ်ပျက်လာသောအခါ သင်တို့အားကယ်တင်တော်မူမည့်အချိန်သည် နီးကပ်လျက်ရှိသည်ဖြစ်၍ သင်တို့၏ဦးခေါင်း ကိုကြွ၍မျှော်ကြည့်ကြလော့'' ဟုမိန့်တော်မူ၏။
29 ထိုနောက်ကိုယ်တော်သည် သူတို့အားပုံဥပမာ ဆောင်၍ ``သင်္ဘောသဖန်းပင်နှင့် အခြားသစ်ပင် တို့ကိုကြည့်ကြလော့။-
30 ထိုအပင်များရွက်နုပေါက်သောအခါ သင်တို့ သည်ကြည့်၍နွေရာသီနီးကြောင်းသိကြ၏။-
31 ထိုနည်းတူစွာဖော်ပြခဲ့သည့်အမှုအရာများ ဖြစ်ပျက်လျက်ရှိသည်ကိုတွေ့မြင်ရသောအခါ ဘုရားသခင်၏နိုင်ငံတော်တည်ချိန်နီးပြီဟု သိမှတ်ကြလော့။
32 ``ငါအမှန်ဆိုသည်ကားဤအမှုအရာအလုံးစုံ တို့မဖြစ်မပျက်မီ ယခုအသက်ရှင်နေသူတို့ သေလွန်ရလိမ့်မည်မဟုတ်။-
33 ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ၏စကားတည်လိမ့်မည်။
34-35 ``သင်တို့သည်ပျော်ရွှင်သောက်စားမူးယစ်ခြင်း၊ လောကီမှုရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ဖြင့် အချိန်မကုန်စေရန်သတိနှင့်နေကြလော့။ ယင်း သို့သတိနှင့်မနေပါမူ တရားစီရင်တော်မူရာ နေ့ရက်သည်ထောင်ချောက်ကျသကဲ့သို့ သင်တို့ အပေါ်သို့ရုတ်တရက်ကျရောက်လိမ့်မည်။ ထို နေ့ရက်သည်ကမ္ဘာပေါ်ရှိလူသားအပေါင်း တို့အပေါ်သို့ကျရောက်လာလိမ့်မည်။-