ဟေ​ဗြဲ 6:11-17 BCL

11 သင်​တို့​ရှိ​သ​မျှ​သည်​နောက်​ဆုံး​၌​မိ​မိ​တို့ ၏​မျှော်​လင့်​ချက်​ပြည့်​စုံ​လာ​သည့်​တိုင်​အောင် ယ​ခု​အ​တိုင်း​ဆက်​လက်​၍​နိုး​ကြား​တက် ကြွ​ကြ​စေ​ရန်​ငါ​တို့​အ​လို​ရှိ​ကြ​၏။-

12 အ​ဘယ်​အ​ခါ​၌​မျှ​ပျင်း​ရိ​သူ​များ​မ​ဖြစ် စေ​လို။ ယုံ​ကြည်​၍​သည်း​ခံ​နိုင်​မှု​ရှိ​သ​ဖြင့် ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သော ကျေး​ဇူး​များ​ကို​ခံ​ယူ​ကြ​သူ​များ​နည်း တူ​ပြု​မူ​ကျင့်​ကြံ​စေ​လို​၏။

13 ဘု​ရား​သ​ခင်​သည်​အာ​ဗြ​ဟံ​အား​က​တိ ထား​တော်​မူ​သော​အ​ခါ​တိုင်​တည်​ကျိန်​ဆို​ရန် မိ​မိ​ထက်​ကြီး​မြတ်​သူ​မ​ရှိ​သ​ဖြင့် မိ​မိ​ကိုယ် ကို​ပင်​လျှင်​တိုင်​တည်​ကျိန်​ဆို​တော်​မူ​ပေ​သည်။-

14 ကိုယ်​တော်​က``ငါ​သည်​သင့်​ကို​အ​မှန်​ပင်​ကောင်း ချီး​ပေး​မည်။ သင်​၏​အ​ဆက်​အ​နွယ်​များ​ကို တိုး​ပွား​များ​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။-

15 အာ​ဗြ​ဟံ​သည်​စိတ်​ရှည်​စွာ​စောင့်​ဆိုင်း​နေ​ခဲ့ သ​ဖြင့် က​တိ​တော်​အ​တိုင်း​ခံ​စား​ရ​လေ​သည်။-

16 လူ​တို့​သည်​မိ​မိ​တို့​ထက်​ကြီး​မြတ်​သူ​တစ်​ဦး တစ်​ယောက်​ကို​တိုင်​တည်​ကျိန်​ဆို​တတ်​ကြ​၏။ ယင်း​သို့​တိုင်​တည်​ကျိန်​ဆို​ခြင်း​သည်​လူ​အ​ချင်း ချင်း​အ​ငြင်း​ပွား​မှု​ကို​ငြိမ်း​စေ​တတ်​လေ​သည်။-

17 ဘု​ရား​သ​ခင်​သည်​မိ​မိ​အ​ကြံ​အ​စည်​တော် ကို​ပြောင်း​လဲ​တော်​မူ​မည်​မ​ဟုတ်​ကြောင်း​ကို က​တိ​တော်​ဆိုင်​ရာ​ဆု​ကျေး​ဇူး​များ​ခံ​ယူ​ရ မည့်​သူ​တို့​အား​ပွင့်​လင်း​ထင်​ရှား​စွာ​ဖော်​ပြ တော်​မူ​လို​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​တိုင် တည်​ကျိန်​ဆို​ခြင်း​အား​ဖြင့်​က​တိ​ပြု​တော် မူ​ခြင်း​ဖြစ်​ပေ​သည်။-