ဧ​ဖက် 5:1-7 BCL

1 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ချစ်​သား​များ​ဖြစ် သ​ဖြင့် ကိုယ်​တော်​နှင့်​တူ​အောင်​ကြိုး​စား​ကြ​ရ​မည်။-

2 ခ​ရစ်​တော်​သည်​ငါ​တို့​ကို​ချစ်​တော်​မူ​၍​ငါ​တို့ အ​တွက် မိ​မိ​ကိုယ်​ကို​ဘု​ရား​သ​ခင်​နှစ်​သက် တော်​မူ​ရာ​မွှေး​ကြိုင်​သော​ယဇ်​သ​ကာ​အ​ဖြစ် ဖြင့်​ဆက်​သ​တော်​မူ​သ​ကဲ့​သို့ သင်​တို့​သည် လည်း​မေတ္တာ​တ​ရား​ကို​ကျင့်​သုံး​ကြ​လော့။

3 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဖြစ် သြဖင့်​ကာ​မ​ဂုဏ်​လိုက်​စား​မှု၊ ညစ်​ညမ်း​မှု​နှင့် လော​ဘ​လွန်​ကူး​မှု​အ​ကြောင်း​တို့​ကို​သင် တို့​တွင်​ပြော​ဆို​ခြင်း​ပင်​မ​ရှိ​စေ​နှင့်။-

4 ညစ်​ညမ်း​သော​စ​ကား၊ ယုတ်​မာ​သော​စ​ကား၊ ရိုင်း​စိုင်း​သော​စ​ကား​များ​ကို​လည်း​မ​ပြော မ​ဆို​အပ်။ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သည့် စ​ကား​များ​ကို​သာ​လျှင်​ပြော​ဆို​အပ်​၏။-

5 ကာ​မ​ဂုဏ်​လိုက်​စား​သူ၊ ညစ်​ညမ်း​သူ၊ လော​ဘ လွန်​ကူး​သူ​ဟူ​သ​မျှ​သည်​ခ​ရစ်​တော်​နှင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တွင်​ပါ​ဝင်​ကြ ရ​လိမ့်​မည်​မ​ဟုတ်​ကြောင်း​သင်​တို့​သိ​ကြ​၏။ (လော​ဘ​လွန်​ကူး​ခြင်း​သည်​ရုပ်​တု​ကိုး​ကွယ် မှု​တစ်​မျိုး​ပင်​ဖြစ်​သည်။)

6 အ​ချည်း​နှီး​သော​စ​ကား​ဖြင့်​အ​ဘယ်​သူ​မျှ သင်​တို့​ကို​မ​လှည့်​ဖြား​စေ​နှင့်။ ထို​အ​မှု​များ ကြောင့်​ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​မ​နာ ခံ​သူ​တို့​သည်​အ​မျက်​တော်​သင့်​ကြ​လိမ့်​မည်။-

7 ထို့​ကြောင့်​သင်​တို့​သည်​ထို​သို့​သော​သူ​တို့​နှင့် လုံး​ဝ​မ​ဆက်​ဆံ​ကြ​နှင့်။-