၁ ကော 10:12-18 BCL

12 မိ​မိ​ခိုင်​မြဲ​စွာ​ရပ်​တည်​လျက်​နေ​သည်​ဟု​ထင် သော​သူ​သည်​မ​ယိုင်​မ​လဲ​စေ​ရန်​သ​တိ​ပြု ရ​၏။-

13 သင်​တို့​တွေ့​ကြုံ​ရ​သည့်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း များ​သည်​လူ​အ​ပေါင်း​တို့​တွေ့​ကြုံ​နေ​ကြ၊ သာ မန်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​များ​သာ​ဖြစ်​၏။ ဘု​ရား သ​ခင်​သည်​က​တိ​တည်​တော်​မူ​သော​အ​ရှင်​ဖြစ် တော်​မူ​သ​ဖြင့် သင်​တို့​အား​မိ​မိ​တို့​ခံ​နိုင်​သည် ထက်​ပို​၍​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ခံ​စေ​တော် မူ​လိမ့်​မည်​မ​ဟုတ်။ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ခံ​ရ ချိန်​၌​ခံ​နိုင်​သော​ခွန်​အား​ကို​ပေး​တော်​မူ​သ​ဖြင့် ထို​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​မှ​လွတ်​မြောက်​ရန် လမ်း​ဖွင့်​ပေး​တော်​မူ​လိမ့်​မည်။

14 သို့​ဖြစ်​၍​ချစ်​သူ​တို့၊ ရုပ်​တု​ကိုး​ကွယ်​မှု​ကို ရှောင်​ကြဉ်​ကြ​လော့။-

15 သင်​တို့​အား​အ​သိ​အ​လိမ္မာ​ရှိ​သူ​များ​အ​နေ ဖြင့်​ငါ​ပြော​နေ​ခြင်း​ဖြစ်​၏။ ငါ့​စ​ကား​ကို စဉ်း​စား​ဆင်​ခြင်​ကြ​လော့။-

16 ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​၍ ပွဲ​တော်​ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို သောက်​ကြ​သော​အ​ခါ ခ​ရစ်​တော်​၏​သွေး​တော်​ကို ဆက်​ဆံ​သုံး​ဆောင်​ကြ​သည်​မ​ဟုတ်​လော။ မုန့်​ကို စား​သော​အ​ခါ​၌​လည်း ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ တော်​ကို​ဆက်​ဆံ​သုံး​ဆောင်​ကြ​သည်​မ​ဟုတ် လော။-

17 မုန့်​သည်​တစ်​လုံး​တည်း​ဖြစ်​၏။ ထို​မုန့်​တစ်​လုံး တည်း​ကို​ဆက်​ဆံ​သုံး​ဆောင်​ကြ​သော​ကြောင့် ငါ တို့​သည်​အ​ရေ​အ​တွက်​အား​ဖြင့်​များ​သော် လည်း​တစ်​ကိုယ်​တည်း​ဖြစ်​ကြ​၏။

18 ယု​ဒ​အ​မျိုး​သား​တို့​ကို​ကြည့်​ရှု​ဆင်​ခြင်​ကြ လော့။ သူ​တို့​သည်​ယဇ်​ကောင်​၏​အ​သား​ကို​စား သ​ဖြင့်​ယဇ်​ပလ္လင်​ပေါ်​ပူ​ဇော်​ခြင်း​တွင်​ပါ​ဝင် ကြ​၏။-