16 သို့ရာတွင်ခရစ်ယာန်ဖြစ်သောကြောင့်ပြစ် ဒဏ်ခံရပါမူကားရှက်စရာအကြောင်းမရှိ။ ခရစ်တော်၏နာမကြောင့်ခံရလျှင်ဘုရား သခင်၏ဂုဏ်တော်ကိုချီးမွမ်း၏။
17 တရားစီရင်တော်မူရာအချိန်သည်ကျရောက် လာလေပြီ။ ဘုရားသခင်၏လူစုတော်ဝင်တို့ သည်တရားစီရင်တော်မူခြင်းကိုပထမ ဦးစွာခံရကြမည်။ ငါတို့သည်ဦးစွာတရား စီရင်တော်မူခြင်းခံရကြလျှင်ဘုရားသခင် ၏သတင်းကောင်းကိုမယုံကြည်သူတို့မည် သို့ဖြစ်လိမ့်မည်နည်း။-
18 ကျမ်းစာတော်ကဖော်ပြသည်နှင့်အညီ``အကယ်၍သူတော်ကောင်းများပင်လျှင် ကယ်တင်ခြင်းခံရရန်ခက်ခဲပါမူဘုရားတရားမဲ့သည့်အပြစ်ကူးသူတို့အဖို့ မည်သို့ဖြစ်လိမ့်မည်နည်း''
19 သို့ဖြစ်၍ဘုရားသခင်၏အလိုတော်နှင့် အညီဆင်းရဲခံရကြသူတို့သည်အကျင့် ကောင်းကိုပြုလျက် မိမိတို့အားဖန်ဆင်းတော် မူ၍သစ္စာတည်တော်မူသောအရှင်၏လက် တော်သို့မိမိတို့ကိုယ်ကိုအပ်နှံကြစေ။